■ မော်ဒယ်မြင့် EV ကား၊ ဆီကား အမှတ်တံဆိပ်အများအပြား ရောင်းချမည့် Myanmar International auto Expo ကို သုံးရက်ကြာပြုလုပ်မည်

■ မော်ဒယ်မြင့် EV ကား၊ ဆီကား အမှတ်တံဆိပ်အများအပြား ရောင်းချမည့် Myanmar International auto Expo ကို သုံးရက်ကြာပြုလုပ်မည်
Published 17 July 2025

EV ကားများ၊ ဆီကား အမှတ်တံဆိပ်အများအပြားကို ရောင်းချမည့် Myanmar International auto Expo ကို သုံးရက်ကြာပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Myanmar International auto Expo ကို Inya Lake Hotel ဝင်းအတွင်းရှိ Yangon Convention Centre တွင် ဇူလိုင် ၁၈ ရက်မှ ၂၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကာ ဝင်ကြေးအခမဲ့ဖြစ်ကြောင်း သိရသည်။

အဆိုပါ Myanmar International auto Expo တွင် EV နှင့် ဆီကားအမှတ်တံဆိပ်များဖြစ်သည့် AION၊ AVATR Brand New EV၊  Leapmotor၊ DONGFENG၊ NISSAN ARIYA၊ BYD၊ GEELY၊ ZEEKR၊  JMC၊ JMEV၊ HONGQI၊ SWM၊ SKYWORTH၊ NETA အစရှိသည့် အမှတ်တံဆိပ်များ၏ မော်ဒယ်မြင့် မော်တော်ယာဉ်များ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

Myanmar International auto Expo တွင် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများမှ မော်ဒယ်မြင့်မော်တော်ယာဉ်များကို လျှော့ဈေးများဖြင့် ရောင်းချပေးမည့်အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကာ မော်တော်ယာဉ်များကို စမ်းသပ်မောင်းနှင်ခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။

Most Read

Most Recent