Ballon d'Or ဆုကို မာကင်ဟို့စ်၊ ဗီတင်ညာတို့နဲ့ ယမားလ် အပြိုင်လုရလိမ့်မယ်လို့ စတွိုက်ကော့ဗ် သုံးသပ်

Ballon d'Or ဆုကို မာကင်ဟို့စ်၊ ဗီတင်ညာတို့နဲ့ ယမားလ် အပြိုင်လုရလိမ့်မယ်လို့ စတွိုက်ကော့ဗ် သုံးသပ်
Photo: AFP
Photo: AFP
Published 30 June 2025

ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်တဲ့ ဟရစ္စတိုစတွိုက်ကော့ဗ်က ယမားလ်အနေနဲ့ ၂၀၂၅ Ballon d'Or ဆုကို PSG အသင်းက မာကင်ဟို့စ်၊ ဗီတင်ညာတို့နဲ့ အပြိုင်လုရလိမ့်မယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမား ယမားလ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့် Ballon d'Or ဆုအတွက် ရေပန်းစားတဲ့ ကစားသမားတစ်ဦးဖြစ်နေပါတယ်။

Ballon d'Or ဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းကို သြဂုတ်လမှာမှ ထုတ်ပြန်မှာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ရာသီ စွမ်းဆောင်ရည်အရ PSG တိုက်စစ်ကစားသမား ဒမ်ဘီလီက ရေပန်းအစားဆုံးဖြစ်နေပြီး သူ့နောက်မှာ ယမားလ်၊ ရာဖင်ညာ၊ ဆာလာ၊ ဘာပေ၊ ဗီတင်ညာ၊ မန်ဒက်စ်တို့ အစဉ်လိုက်ရှိနေပါတယ်။ 

ဒါပေမဲ့ စတွိုက်ကော့ဗ်ကတော့ PSG နောက်ခံလူ မာကင်ဟို့စ်ကလည်း Ballon d'Or ဆုကို စိန်ခေါ်နိုင်ကြောင်း သုံးသပ်ခဲ့တာပါ။

'' လာမင်းယမားလ်က ငယ်ရွယ်ပေမဲ့ အရည်အသွေး ပြည့်ဝတဲ့ ကစားသမားတစ်ယောက်ပါ။ သူကစားတာကို ကြည့်ရတာ တကယ်ပျော်စရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ စိတ်ဝင်စားစရာကောင်းတဲ့ အရည်အသွေးတွေ ရှိနေတာကြောင့်ပါ။ သူသာ ဆုရရင် ကျွန်တော် ဆုချီးမြှင့်ပေးချင်ပါတယ်။ ဒါပေမဲ့ မာကင်ဟို့စ်နဲ့ ဗီတင်ညာတို့ကလည်း ဒီဆုကို ရယူနိုင်စွမ်းရှိတဲ့သူတွေ ဖြစ်ပါတယ်''လို့ စတွိုက်ကော့ဗ်က ပြောကြားခဲ့ပါတယ်။

Most Read

Most Recent