Neta EV ကား အမှတ်တံဆိပ် ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီ Hozon New Energy Automobile ဒေဝါလီခံ

Neta EV ကား အမှတ်တံဆိပ် ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီ Hozon New Energy Automobile ဒေဝါလီခံ
Published 23 June 2025

Neta EV ကား အမှတ်တံဆိပ် ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီ Hozon New Energy Automobile ဒေဝါလီခံလိုက်ရကြောင်း တရုတ်သတင်းဌာန CCTV ကို ကိုးကားပြီး Reuters တွင် သတင်းဖော်ပြထားသည်။

တရုတ်လျှပ်စစ်ကားအမှတ်တံဆိပ် Neta ၏ပိုင်ရှင် Hozon New Energy Automobile သည် ကြာသပတေးနေ့တွင် ဒေဝါလီခံလိုက်ရခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်ရုပ်သံ CCTV မှ သောကြာနေ့တွင် ဖော်ပြခဲ့ပြီး ရှန်ဟိုင်းမြို့ရှိ Neta ဆိုင်အများအပြားကို ပိတ်လိုက်ပြီဟု သတင်းတွင် ဖော်ပြထားသည်။

Neta EV ယာဉ်များကို ရောင်းချလျက်ရှိသည့် NETA Auto Myanmar by GSE ၏ လူမှုကွန်ရက်တွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းသူအချို့အား ကားများကို နိုင်ငံခြားဈေးကွက်အတွက် ဆက်လက်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ပြန်လည်ဖြေကြားထားသည်ကို တွေ့ရသည်။

ဇွန် ၁၂ ရက်ကလည်း NETA Auto Myanmar by GSE ၏ လူမှုကွန်ရက်တွင် ဇွန် ၁၂ ရက်တွင် NETA ကုမ္ပဏီကို တရုတ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီး ကုမ္ပဏီအသစ်ပြန်လည်ဖွဲ့စည်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအသစ်ပြန်လည်ဖွဲ့စည်းမှုအပြီးတွင် ရင်းနှီးမြှပ်နှံမှုအသစ်များထည့်ဝင်ကာ အုပ်ချုပ်သူအသစ်ဖြင့် မကြာမီလပိုင်းအတွင်း ဆက်လက်လည်ပတ်သွားရန် စီစဉ်ထားကြောင်း၊ ပြန်လည်ဖွဲ့စည်းမှု ဆောင်ရွက်နေချိန်အတွင်း တရုတ်နိုင်ငံမှအပ နိုင်ငံရပ်ခြားရှိ NETA လုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်လည်ပတ်သွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအသစ်ပြန်လည်ဖွဲ့စည်းမှုပြီးစီးချိန်မှ ၂၀၂၇ ခုနှစ်ကြားတွင် ကျပ် သိန်း ၇၅၀ နဲ့ သိန်း ၁၅၀၀ ကြား လူအများအသုံးပြုနိုင်သော ကားမော်ဒယ်အသစ် သုံးခုကို ထုတ်လုပ်ရောင်းချသွားရန် စီစဉ်နေကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

Most Read

Most Recent