ကွန်းဖရန့်လိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားအဖြစ် အစ္စကို ရွေးချယ်ခံရပြီး လူငယ်ဆုကို ယာဂါးဒန်းကွင်းလယ်လူ ဂူလစ်ဆန် ရရှိ

ကွန်းဖရန့်လိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားအဖြစ် အစ္စကို ရွေးချယ်ခံရပြီး လူငယ်ဆုကို ယာဂါးဒန်းကွင်းလယ်လူ ဂူလစ်ဆန် ရရှိ
Photo: UEFA
Photo: UEFA
Published 30 May 2025

၂၀၂၄-၂၅ ရာသီ ကွန်းဖရန့်လိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားအဖြစ် ဘက်တစ်ကွင်းလယ်လူ အစ္စကို ရွေးချယ်ခံရပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို ယာဂါးဒန်းအသင်းမှ ကွင်းလယ်ကစားသမား ဂူလစ်ဆန် ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၅ ရာသီ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်းက ချန်ပီယံဆုဖလား ရရှိခဲ့သော်လည်း အကောင်းဆုံးကစားသမားဆုကိုမူ ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့သည့် ဘက်တစ်အသင်းမှ စပိန်ကွင်းလယ်ကစားသမား အစ္စကိုက ရရှိခဲ့ခြင်းဖြစ်သည်။

အစ္စကိုသည် ယခုရာသီ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွင် (၉)ပွဲကစားကာ (၂) ဂိုးသွင်း၊ (၃)ဂိုးဖန်တီးပြီး ခြေစွမ်းပြခဲ့သည့်အတွက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယာဂါးဒန်းအသင်းမှ နော်ဝေကွင်းလယ်ကစားသမား ဂူလစ်ဆန်မှာလည်း ယခုရာသီ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွင် (၁၂)ပွဲကစားရာ၌ (၄)ဂိုးသွင်း၊ (၂)ဂိုးဖန်တီးကာ ခြေစွမ်းပြခဲ့သောကြောင့် အကောင်းဆုံးလူငယ်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

UEFA ၏ နည်းစနစ်လေ့လာရေးအဖွဲ့သည် ကွန်းဖရန့်လိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးအသင်းကိုလည်း ရွေးချယ်ခဲ့ရာ ချယ်လ်ဆီးကစားသမား(၄)ဦးအထိ ပါဝင်ခဲ့သည်။

ယင်းအသင်းတွင် ပါဝင်ခဲ့သူများမှာ ဂိုး - ယော်ဂင်ဆန်(ချယ်လ်ဆီး)၊ နောက် - ဆာဘာလီ(ဘက်တစ်)၊ အဒါရာဘီအိုယို(ချယ်လ်ဆီး)၊ နာတန်(ဘက်တစ်)၊ ဂိုဆန်စ်(ဖီအိုရင်တီးနား)၊ လယ် - ဆက်စ်လာ(ဆယ်လ်ဂျီ)၊ အစ္စကို(ဘက်တစ်)၊ အန်ဇိုဖာနန်ဒက်စ် (ချယ်လ်ဆီး)၊ ရှေ့- ပါလ်မာ(ချယ်လ်ဆီး)၊ ပူလူလူ(ဂျာဂျီလိုနီယာ)၊ ငူယန် (ယာဂါးဒန်း)တို့ဖြစ်သည်။

Most Read

Most Recent