ပြီးခဲ့တဲ့ ရက်ပိုင်းက စပိန်ထိပ်သီးရီးယဲလ်မက်ဒရစ်အသင်းဟာ ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်းရဲ့ စပိန်ကြယ်ပွင့်နောက်ခံလူ ဒီယန်ဟောက်ဆန်ကို ခေါ်ယူခဲ့တယ်။ အသက် (၂၀) အရွယ်သာရှိသေးတဲ့ ဟောက်ဆန်အတွက် ရီးယဲလ်မက်ဒရစ်ပေးချေရတဲ့ ပြောင်းရွှေ့ကြေးက ယူရို (၅၉)သန်းဝန်းကျင်ပါ။ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ဟောက်ဆန်အတွက်ပြောင်းရွှေ့ ကြေးကို (၃)ရာသီအရစ်ကျပေးချေသွားမှာဖြစ် ကြောင်းကိုလည်း စပိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဟောက်ဆန်ကို (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး အမေရိကန်ခြေစမ်းခရီးစဉ်ကို ခေါ်သွားဖို့လည်း ပြင်ဆင်နေတာပါ။ စပိန်မီဒီယာတွေကတော့ ဟောက်ဆန်ရောက်လာခြင်းက ရီးယဲလ်မက်ဒရစ်ခံစစ်အတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ဆိုခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်နည်းပြသစ် အလွန်ဆိုရဲ့ ပထမဆုံးခေါ်ယူတဲ့ ကစားသမားလို့ဆိုရမယ့် ဟောက်ဆန်ကို ပရီးမီးယားလိဂ်ထိပ်သီးတချို့ လည်း ပစ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ရာသီက ခံစစ်ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ဟောက်ဆန်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ကြယ် ပွင့်နောက်ခံလူ ဆာလီဘာကို စိတ်ဝင်စားခဲ့ပေမဲ့ အဆင်မပြေခဲ့တာကြောင့် ဟောက်ဆန်ကို ရီးယဲလ်မက်ဒရစ်အသင်း ခေါ်ယူခဲ့တာဖြစ်တယ်လို့လည်း ဗြိတိန်မီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။ လာမယ့်ရာသီမှာ ရူဒီဂါ-ဟောက်ဆန်အတွဲအဖက်ကို ရီးယဲလ်မက်ဒရစ်ခံစစ်မှာ မြင်ရနိုင်ပြီး လူငယ်ခံစစ်ကစားသမား အဆန်စီယိုအနေနဲ့ နေရာရဖို့ ရုန်းကန်ရနိုင်ကြောင်းလည်း သုံးသပ်မှုတွေရှိနေပါ တယ်။ "ထိပ်သီးအသင်းတွေမှာ ကစားနိုင်မယ့် အရည်သွေးမျိုး သူ့(ဟောက်ဆန်)မှာ ရှိတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ဟောက်ဆန်အနေနဲ့ ကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်။ ဟောက်ဆန်ကို ဒီ့ထက်ပိုကောင်းတဲ့ ပုံစံနဲ့ မြင်ရဦးမှာပါ"လို့ စပိန်လက်ရွေးစင်နည်းပြ ဒယ်လာဖွန်တေက BBC နဲ့ အင်တာဗျူးအစီစဉ်မှာ ဟောက်ဆန်နဲ့ ပတ်သက်ပြီး ချီးကျူးခဲ့တယ်။
ဟောက်ဆန်ဟာ စပိန်နိုင်ငံသားခံယူခဲ့ပေမဲ့ နယ်သာလန်သက်တမ်းအလိုက်အသင်းတွေမှာ ကစားဖူးပါတယ်။ ပြီးခဲ့တဲ့ Nations League ပြိုင်ပွဲမှာမှ စပိန်လက်ရွေးစင်အသင်းအတွက် ဟောက်ဆန်ကိုယ်စားပြုခွင့်ရခဲ့ပြီး နယ်သာလန်နဲ့ကစားတဲ့ ပွဲမှာ ယမားလ်ရဲ့ သွင်းဂိုးကို ဟောက်ဆန်ဖန်တီးပေးနိုင်ခဲ့တယ်။ အဲဒီပွဲပြီးတော့ အင်တာဗျူးမှာ ဟောက်ဆန်က အခုလိုဆိုခဲ့ပါတယ်။ "ကျွန်တော်က ငယ်ငယ်ကတည်းက ရာမို့စ်ကို အရူးအမူးအား ပေးခဲ့သူပါ။ သူ့ရဲ့ အောင်မြင်မှုတွေက အံ့မခန်းဖြစ်ပြီး ကျွန်တော့်ရဲ့ စံပြကစားသမားလို့ဆိုရင်လည်း မမှားပါဘူး။ သူ့ (ရာမို့စ်)လိုပဲ စပိန်လက်ရွေးစင်အသင်းနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ဂျူဗင်တပ်စ်အကယ်ဒမီထွက်ဖြစ်ပေမဲ့ ပရိုကစားသမားဘ၀ အစပိုင်းမှာ ဟောက်ဆန်ရုန်းကန်ခဲ့ရတယ်။ ဂျူဗင်တပ်စ်မှာ နေရာမရလို့ ရိုးမားကို အငှားထွက်ကစားခဲ့ပေမဲ့ ဟောက်ဆန်အတွက် အဆင်မပြေခဲ့ဘူး။ ဘုန်းမောက်အသင်းကို ရောက်လာချိန်မှာတော့ ဟောက်ဆန်အနေနဲ့ ပရီးမီးယားလိဂ်ပထမဆုံးရာသီမှာပဲ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေး ကို ပြသနိုင်ခဲ့တယ်။ ဥရောပထိပ်သီးတွေရဲ့ ပစ်မှတ်ထားခြင်းကိုခံခဲ့ရပြီး ရီးယဲလ်မက်ဒရစ်လို ထိပ်သီးအသင်းကို ပြောင်းရွှေ့နိုင်ခဲ့တယ်။ ဒီအချိန်က သူ့ရဲ့ ကစားသမားဘ၀ တစ်ဆစ်ချိုးချိန်ဖြစ်ပြီး ဟောက်ဆန်အနေနဲ့ အဖြူရောင်မက်ဒရစ်အသင်းမှာ ဘယ်လောက်အထိတောက်ပလာမလဲဆိုတာ ကိုတော့ စောင့်ကြည့်ရပါမယ်။
FACT FILE
အမည် - ဒီယန်ဟောက်ဆန်
မွေးသက္ကရာဇ် - ၁၄-၄-၂၀၀၅ (၂၀ နှစ်)
အရပ် - (၆)ပေ၊ (၅)လက်မ
နိုင်ငံ - စပိန်
ကစားသည့်နေရာ - နောက်တန်း
ကလပ် - ရီးယဲလ်မက်ဒရစ်