၂၆၇ ဦးမြောက် ပုပ်ရဟန်းမင်းအဖြစ် ပထမဆုံးအမေရိကန်နိုင်ငံသား ဘုန်းတော်ကြီး ရောဘတ်ဖရန်ဆစ်ပရီဗော့စ် ရွေးချယ်ခံခဲ့ရပြီး ၁၄ ဦးမြောက် ပုပ်ရဟန်းမင်းကြီးလီယိုဟူသောဘွဲ့ကို ခံယူ

၂၆၇ ဦးမြောက် ပုပ်ရဟန်းမင်းအဖြစ် ပထမဆုံးအမေရိကန်နိုင်ငံသား ဘုန်းတော်ကြီး ရောဘတ်ဖရန်ဆစ်ပရီဗော့စ် ရွေးချယ်ခံခဲ့ရပြီး ၁၄ ဦးမြောက် ပုပ်ရဟန်းမင်းကြီးလီယိုဟူသောဘွဲ့ကို ခံယူ
Published 9 May 2025
Ref:AFP

ကက်သလစ်အသင်းတော်၏ပထမဆုံး အမေရိကန်အကြီးအကဲဖြစ်လာခဲ့ပြီး ၎င်းသည် မည်သို့သောပုပ်ရဟန်းမင်းကြီးဖြစ်လာမလဲဆိုသည်ကို ကမ္ဘာကစောင့်ကြည့်နေခြင်းနှင့်အတူ ၁၄ ဦးမြောက် ပုပ်ရဟန်းမင်းကြီးလီယိုက မေ ၉ ရက်တွင် ကက်သလစ်ဝတ်ပြုဆုတောင်းပွဲကို ကျင်းပမည်ဖြစ်သည်။

ဗာတီကန်၏ဆစ္စတိုင်းဘုရားကျောင်း၌ လျှို့ဝှက်ပုပ်ရမင်းရွေးချယ်ပွဲကို ပြုလုပ်ခဲ့ပြီး နောက်ချီကာဂိုမြို့တွင် မွေးဖွားသော ရောဘတ်ဖရန်ဆစ်ပရီဗော့ကို မေ ၈ ရက်တွင် အခြားသောကက်သလစ်ဘုန်းတော်ကြီးများက ပုပ်ရမင်းအဖြစ် ရွေးချယ်ခဲ့ကြသည်။ ထို့ကြောင့် ပုပ်ရဟန်းမင်းကြီး လီယိုသည် ကမ္ဘာ့ကက်သလစ်ဘာသာဝင် ၁ ဒသမ ၄ ဘီလျံကို ဦးဆောင်တော့မည်ဖြစ်သည်။

သက်တော်၆၉ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးလီယိုသည် မေ ၉ ရက်တွင် ဗာတီကန်က တိုက်ရိုက်ထုတ်လွှင့်မည့် ကက်သလစ်ဘုန်းတော်ကြီးများနှင့်သီးသန့်ဆုတောင်းပွဲ ကျင်းပရန် ဝတ်ပြုဆုတောင်းရာနေရာသို့ ပြန်လာမည်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးအသစ်က ထိုနေရာတွင် ပထမဆုံးသြဝါဒကို မြွက်ကြားမည်ဖြစ်သည်။

ကြိုဆိုသူ ထောင်ပေါင်းများစွာက မေ ၈ ရက်ညနေပိုင်းတွင် ဗာတီကန်ရှိ ထင်ရှားသော စိန့်ပီတာဘုရားကျောင်း၏လသာဆောင်တွင်ပေါ်လာသော လီယိုကို သြဘာပေးခဲ့ကြသည်ဆိုသော်လည်း ကြိုဆိုသူအများစုမှာ သူမည်သူလဲဆိုသည်ကို မသိကြပါ။

ပီရူးနိုင်ငံတွင် သာသနာပြုလုပ်ငန်းများကို ဆယ်စုနှစ်ခုကြာလုပ်ဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင်မှ ရေဖျန်းခရစ်ယာန်ဘုန်းတော်ကြီးဖြစ်လာသော အမေရိကန်နိုင်ငံသားသည် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် အသိအမှတ်ပြုခြင်းမခံရသော်လည်း ဗာတီကန်စောင့်ကြည့်သူအများအပြား၏ ပုပ်ရဟန်းမင်းအလောင်းအလျာစာရင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။

မေ ၉ ရက် ဝတ်ပြုဆုတောင်းပွဲမှသည် မေ ၁၁ ရက် နေ့ခင်းပိုင်း၌ Regina Coeli ဆုတောင်းပွဲအထိ လာမည့်ရက်ပိုင်းများတွင်လည်းကောင်း၊ မေ ၁၂ ရက် နံနက်ပိုင်းတွင် ဗာတီကန်၌ သတင်းထောက် များနှင့်တွေ့ဆုံခြင်းအပါအဝင် ၎င်း၏ လုပ်ဆောင်ချက်များနှင့် ၎င်း၏ပြောစကားများသည် အနီးကပ်စောင့်ကြည့်ခံရမည်ဖြစ်သည်။

မေ ၈ ရက်ညနေပိုင်းက စိန့်ပီတာရင်ပြင်၌ ပြည့်လျှံနေသော လူအုပ်ကို ပထမဆုံးမိန့်ခွန်းပြောကြားရာ၌ လီယိုက ငြိမ်းချမ်းရေးအတွက် ဆော်သြခြင်းဖြင့် ၎င်း၏ရှေ့က ပုပ်ရဟန်းမင်းကြီးဖရန်ဆစ် တောင်းဆိုခဲ့သည့်အတိုင်း တောင်းဆိုခဲ့သည်။

“လူထုတစ်ရပ်အနေနဲ့ အမြဲတမ်းငြိမ်းချမ်းနေဖို့ အပြန်အလှန် ဆွေးနွေးတာ၊ တွေ့ဆုံတာတို့ကနေ အတူတကွလုပ်ဆောင်ဖို့ ပေါင်းကူးတွေကို တည်ဆောက်ဖို့ရာမှာ ကျွန်တော်တို့ကို ကူညီပါ။ တစ်ဦးနဲ့တစ်ဦး ကူညီပါ” ဟု ပုပ်ရဟန်းမင်းကြီးလီယိုက ပြောသည်။

၂၆၇ ဦးမြောက် ပုပ်ရဟန်းမင်းအဖြစ် လီယိုရွေးချယ်ခံရသည်ကို ကမ္ဘာ့ခေါင်းဆောင်များက အလျင်အမြန် ကြိုဆိုခဲ့ကြပြီး ကြီးမားသည့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ မသေချာမှုတို့ ဖြစ်ပွားနေချိန်ဝယ် ကမ္ဘာ့ပြဿနာတို့ကို အသင်းတော်နှင့်အတူ ဆောင်ရွက်မည်ဟု ကတိပြုခဲ့ကြသည်။ ၎င်းက အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုဝေဖန်သော ဆောင်းပါးများကို အွန်လိုင်းတွင် ပြန်လည်မျှဝေခဲ့သည်။                                 

Most Read

Most Recent