ရုရှားဖက်ဒရေးရှင်းနိုင်ငံသို ့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည် မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရစင်တာနှင့် ကာလုဂါပြည်နယ်၊ Etnomir ယဉ်ကျေးမှုနယ်မြေသို ယနေ့(မေ ၈ ရက်)တွင် သွားရောက်ခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြိုရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရစင်တာသို ့ထွက်ခွာခဲ့ကြသည်။
မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရစင်တာသို ့ရောက်ရှိချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုနောက် သံဃာတော်အရှင်သူမြတ်များ ဟောကြားသည့် အနုမောဓနာတရားကို နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတိုအတွက် ရေစက်သွန်းချအမျှပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို ့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များသည် ကာလုဂါပြည်နယ်၊ Etnomir ယဉ်ကျေးမှုနယ်မြေသိ့ု သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။
ကာလုဂါပြည်နယ်၊ Etnomir ယဉ်ကျေးမှုနယ်မြေသို့ ရောက်ရှိချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင်များသည် Etnomir ယဉ်ကျေးမှုနယ်မြေအတွင်း တည်ထားသည့် ရွှေစည်းဂုံပုံတူစေတီတော်အား ဖူးဖော်ကြည်ညိုခြင်း၊ ယဉ်ကျေးမှုနယ်မြေအတွင်းသို့ လှည့်လည်လေ့လာကြည့်ရှုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။















