အင်အားပြင်းငလျင်လှုပ်ခတ်ချိန် မတ် ၂၈ ရက် မှ ဧပြီ ၄ ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း အမျိုးသား ၂၁၇ ဦး အမျိုးသမီး ၁၈၇ ဦး စုစုပေါင်း ၄၀၄ ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသား ၂၀၃ ဦး ၊ အမျိုးသမီး ၁၅၅ ဦး စုစုပေါင်း ၃၅၈ ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပြိုကျပျက်စီးလျက်ရှိသော အဆောက်အဦများတွင် ပိတ်မိနေသူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ လူမှုကူညီရေးအသင်းများ၊ ပြည်သူများနှင့် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စတင်ဖြစ်ပွားချိန်မှ ဧပြီ ၄ ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း အမျိုးသား ၂၁၇ ဦး အမျိုးသမီး ၁၈၇ ဦး စုစုပေါင်း ၄၀၄ ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသား ၂၀၃ ဦး ၊ အမျိုးသမီး ၁၅၅ ဦး စုစုပေါင်း ၃၅၈ ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ထို့အပြင် ဧပြီ ၄ ရက်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ လူမှုကူညီရေးအသင်းများ၊ ပြည်သူများ၊ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ ဘီလာရုစ်နိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍ ဦးလှသိန်းသာသနာ့ဗိမ္မာန်၊ (၃၁x၈၅A)လမ်းရှိ အဆောက်အဦ၊ Golden Country Hotel ၊ တိမ်ဖြူဟိုတယ်၊ မောက်မယ်ဝင်းတက်လမ်းဆေးကျောင်းသားအဆောင်၊ Sky Villa ၊ ၁၅x၁၆လမ်း၊ ၈၆ x၈၇ လမ်းရှိ RC(၇)ထပ်၊ Great Wall HOTEL ၊ Tulip တည်းခိုခန်း၊ Win Star Hotel ၊ PARAGON HOTEL စုစုပေါင်းနေရာ ၁၁ နေရာတို့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















