ဒီတစ်ပတ်မှာတော့ နိုင်ငံတကာပွဲစဉ်တွေကို ခံစားရမှာဖြစ်ပြီး ဥရောပဘောလုံးရပ်ဝန်းမှာ Nations League ပွဲစဉ်တွေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားကြမှာပါ။ ဒီအချိန်မှာ စိတ်ဝင်စားစရာကောင်းတာက နည်းပြသစ် တူဟယ်လ်နဲ့ အင်္ဂလန်အသင်းဖြစ်ပြီး အဖွင့်ပွဲမှာ ဘယ်လိုရလဒ်တွေ ရယူနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။ တူဟယ်လ်ရဲ့ အင်္ဂလန်အသင်းအတွက် လူရွေးချယ်ပုံကလည်း စိတ်ဝင်စားစရာကောင်းတယ်။ ဝါရင့်ကွင်းလယ်လူ ဟန်ဒါဆန်ကို ပြန်ခေါ်တယ်။ အက်စတွန်ဗီလာနဲ့ ပုံမှန်ခြေစွမ်း ပြန်ပြလာတဲ့ ရပ်ရှ်ဖို့ဒ်ကို ရွေးတယ်။ ဒါ့အပြင် ဘယ်နောက်ခံနေရာအတွက် အာဆင်နယ်အသင်းရဲ့ ဆယ်ကျော်သက်ကြယ်ပွင့် လူးဝစ်စကယ်လီ၊ နယူးကာဆယ်ဝါရင့်ကစားသမား ဘန်းတို့ကိုလည်း ခေါ်ခဲ့ပါတယ်။

နောက်ပိုင်းနှစ်တွေမှာ သိသိသာသာတိုးတက်လာတဲ့ အင်္ဂလန်အသင်းမှာ အဓိက အားနည်းတဲ့နေရာက LB လို့ ဆိုရပါမယ်။ ဒါကြောင့်လည်း နည်းပြဟောင်း ဆောက်ဂိတ်ဒ်အနေနဲ့ အတော့်ကို ခေါင်းခဲခဲ့ရတယ်လို့ ဆိုရပါမယ်။ လုခ်ရှော၊ ချီဝဲလ်တို့လို ကြယ်ပွင့်ကစားသမားတွေ ထွက်ပေါ်ခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် လက်ရွေးစင်အသင်းအတွက် ပွဲကစားခွင့်တွေ သိပ်မရခဲ့ဘူး။ ဆောက်ဂိတ်ဒ်ဆိုရင် ညာနောက်ခံလူ ထရစ်ပီယာကို ဘယ်ခြမ်းခံစစ်မှာ အသုံးပြုရတယ်။
တူဟယ်လ်ကတော့ သူ့ရဲ့ ပွဲဦးထွက်မှာပဲ အင်္ဂလန်ဘယ်နောက်ခံနေရာအတွက် ကစားသ မားသစ်တွေကို ရွေးချယ်ခဲ့တာပါ။ အာဆင်နယ် လူငယ်ကြယ်ပွင့် လူးဝစ်စကယ်လီယာနဲ့ နယူးကာဆယ်ဝါရင့်နောက်ခံလူ ဘန်းတို့ဖြစ်ပြီး အင်္ဂလန်အသင်းအတွက် ဘယ်လောက်အထိ အကျိုးပြုမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါ့အပြင် တူဟယ်လ်လက်ထက်မှာ သူတို့(၂)ယောက်အနေနဲ့ ပထမဆုံး နိုင်ငံ့ကိုယ်စားပြုခွင့်ရခဲ့ကြလို့လည်း စိတ်ဝင်စားစရာကောင်းနေတာပါ။
ဒီရာသီမှ အာဆင်နယ်အသင်းနဲ့ ပေါက်မြောက်လာတဲ့ လူးဝစ်စကယ်လီယာကို ပရီးမီးယားလိဂ်လူငယ်ကြယ်ပွင့်အဖြစ် ဗြိတိန်မီဒီယာတွေ ဖော်ပြခဲ့ကြတယ်။ အသက် (၁၈)နှစ်သာရှိသေးသူဖြစ်ပြီး အီတလီဘယ်နောက်ခံလူ ကာလာဖီအိုရီ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရချိန်မှာ လူးဝစ်စကယ်လီယာရဲ့ အသင်းအပေါ်အကျိုးပြုမှုက အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ အချိန်တိုအတွင်း လူးဝစ်စကယ်လီယာဟာ နည်းပြ အာတီတာရဲ့ အားထားရာဖြစ်လာခဲ့တယ်။ မန်စီးတီးကို (၅-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာဆိုရင် လှပတဲ့ ဂိုးတစ်ဂိုးကို လူးဝစ်စကယ်လီယာ သွင်းယူခဲ့ပါတယ်။ ဒီဂိုးဟာ သူ့အတွက် ပရိုကစားသမားဘ၀ ပထမဆုံး သွင်းဂိုးလည်း ဖြစ်ခဲ့ပြီး အာဆင်နယ်အသိုင်းအဝန်းရဲ့ ချီးကျူးမှုကိုလည်း ရရှိခဲ့တယ်။ အာတီတာကတော့ ဒီ့ထက်အများကြီးတိုးတက်လာဦးမယ်လို့ လူးဝစ်စကယ်လီယာကို ချီးကျူးခဲ့တယ်။
အရပ် (၆)ပေ၊ (၇)လက်မရှိတဲ့ ဘန်းစ်အကြောင်းကို ဆိုရရင် အသက်ကြီးမှ နာမည် ကြီးလာသူလို့ ဆိုရပါမယ်။ အင်္ဂလန်ပြည်တွင်း ကလပ်ပေါင်းများစွာမှာ ကစားဖူးသူဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပြည့်ဝသူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ဗဟိုခံစစ်ကစားသမားအဖြစ် နှစ်ပေါင်းများ စွာကစားခဲ့ဖူးပေမဲ့ နယူးကာဆယ်အသင်းကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း နည်းပြ အက်ဒီဟောင်းလက်ထက်မှာတော့ ဘယ်နောက်ခံလူအဖြစ်ပြောင်းလဲကစားခဲ့တယ်။ ဆေးစက်ကျရာ အရုပ်ထင်ဆိုတဲ့စကားအတိုင်းပဲ ဘန်းအနေနဲ့ အကောင်းဆုံးပုံစံတစ်ခုကို ပြသနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာဆိုရင် နယူးကာဆယ်အတွက် အဖွင့်ဂိုးကို ထောင့်ကန်ဘောကတစ်ဆင့် ဘန်းအနေနဲ့ လှလှပပ ခေါင်းတိုက်သွင်းယူခဲ့တယ်။ အသက် (၃၂)အရွယ်ရှိပြီဖြစ်ပေမဲ့ နယူးကာဆယ်အသင်းကို အကျိုးပြုနေတဲ့ ဘန်းရဲ့ကစားပုံက တကယ်ကို အထင်ကြီးစရာကောင်းပါတယ်။
ဒါကြောင့်လည်း တူဟယ်လ်နဲ့ အင်္ဂလန်အ သင်းရဲ့ LB ပြဿနာအတွက် သူတို့(၂)ဦးက အဖြေတစ်ခုဖြစ်လာမလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရပါမယ်။