မန်ယူအသင်း၏ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က အသင်းအနေဖြင့် နည်းစနစ်ဒါရိုက်တာခန့်အပ်ရန်ကိစ္စကို အလျင်အမြန်မပြုလုပ်ရန် သတိပေးပြောကြားခဲ့သည်။
အသင်းအတွက် အရေးပါသည့် ရာထူးတစ်ခုကို ရာသီဝက်ကာလတွင် ခန့်အပ်ရန်မသင့်ဟု ဂယ်ရီနဗီးလ်က ပြောကြားခဲ့သည်။
"အသင်းအနေနဲ့ ဒီကိစ္စ (နည်းစနစ်ဒါရိုက်တာ ခန့်အပ်ရန်) ကို ကြိုးပမ်းနေတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ ဒီလိုပြုလုပ်ရုံနဲ့ အရာအားလုံး ပြီးပြည့်စုံသွားလိမ့်မယ်လို့ မယူဆစေချင်ပါဘူး။ အသင်းရဲ့ဖွဲ့စည်းပုံကို အပြောင်းအလဲပြုလုပ်ဖို့ သင့်နေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဒါကို သူတို့ (မန်ယူအသင်းတာဝန်ရှိသူများ) မလုပ်သင့်သေးပါဘူး။ ရာသီဝက်ကာလမှာ အသင်းကို အပြောင်း အလဲပြုလုပ်ရင် ပြဿနာဖြစ်လာနိုင်စရာအခြေအနေတွေ များစွာရှိပါတယ်" ဟု ဂယ်ရီနဗီးလ်က သုံးသပ်ပြောကြားခဲ့သည်။















