အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်တို့ မြန်မာ့အရေး ဆွေးနွေး

အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်တို့ မြန်မာ့အရေး ဆွေးနွေး
Published 22 January 2025

အာဆီယံအတွင်းရေးမှူးချုပ်ဒေါက်တာကာအိုကင်ဟွန်းနှင့်  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် ဂျုလီဘစ်ရော့တို့သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေကိုဖြေရှင်းရန် ဇန်နဝါရီ ၂၁ ရက်တွင် ထိထိရောက်ရောက် ဆွေးနွေးခဲ့သည်ဟု အာဆီယံက ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏‌ဆွေးနွေးမှုသည် အာဆီယံ၏လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူပေးရာတွင်လည်းကောင်း၊ အာဆီယံ၏ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုရရှိစေရန်လည်းကောင်း၊ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၊ဒေသတွင်း ပြည်သူများ၏သုခတို့ကို အားပေးရန်လည်းကောင်း ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးပုံကို မီးမောင်းထိုးပြနေသည်ဟု ထုတ်ပြန်ချက်တွင် အာဆီယံက ဖော်ပြခဲ့သည်။

Most Read

Most Recent