ဘယ်သူတွေ ကျန်ရစ်ခဲ့မှာလဲ

ဘယ်သူတွေ ကျန်ရစ်ခဲ့မှာလဲ
Photo : X
Photo : X
Published 20 January 2025
Wai Yan Aung

၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲက ပွဲစဉ်(၇)ကို ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့် ရှုံးထွက်အဆင့်ကို ဘယ်အသင်းတွေ တိုက်ရိုက်တက်ရောက်ခွင့်ရမလဲ၊ ဘယ်အသင်းတွေ Play-offs အဆင့်နဲ့သာ ကျေနပ်ရမလဲ၊ ဘယ်အသင်းတွေ ကျန်ရစ်ခဲ့ရမလဲဆိုတာ အဖြေထုတ်ပေးမယ့်အချိန် ရောက်လာပြီလို့ ဆိုရမှာပါ။ (၆)ပွဲစီ ယှဉ်ပြိုင်ပြီးတဲ့ အခြေအနေမှာတော့ အဖြေက နည်းနည်းပဲ ထွက်ပါသေးတယ်။ (၆)ပွဲစလုံး အနိုင်ကစားထားတဲ့ လီဗာပူးလ်အသင်းက ထိပ်ဆုံး(၁၆)သင်းစာရင်းထဲ ရပ်တည်နိုင်ဖို့ သေချာသွားသလို၊ ဒုတိယနေရာက ဘာစီလိုနာအသင်းကလည်း (၂၄)သင်းစာရင်းထဲ ရပ်တည်နိုင်ဖို့ သေချာသွားတာပါ။ အဓိပ္ပာယ်က တော့ ဒီအသင်းနှစ်သင်းက နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရမယ့် ထိပ်ဆုံး(၈)သင်းစာရင်းနဲ့ လွဲခဲ့မယ်ဆိုရင်တောင် Play-offs ကစားခွင့်ရဖို့တော့ သေချာနေခဲ့တာပါပဲ။

 

Most Read

Most Recent