မန်ချက်စတာမြို့ခံပြိုင်ဘက်များဖြစ်သည့် မန်ယူနှင့် မန်စီးတီးအသင်းတို့သည် ပါးမားအသင်းမှ ဂျပန်ဂိုးသမား ဆူဇူကီး အား ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။
အသက် (၂၂) နှစ်အရွယ်ရှိ ဆူဇူကီးသည် ယခုရာသီတွင် ပါးမားအသင်း၏အဓိကဂိုးသမားအဖြစ် လက်စွမ်းပြနေပြီး စီးရီးအေ (၁၉) ပွဲ ကစားထားသူဖြစ်သည်။
မန်ယူအသင်းသည် အသင်း၏ ပထမဂိုးသမားဖြစ်သူ အိုနာနာအား စိတ်မချရသည့်အတွက် ၎င်း၏နေရာတွင် ဆူဇူကီးကို အစားထိုးလိုခေါ်ယူလိုနေခြင်းဖြစ်သည်။
မန်စီးတီးအသင်းကလည်း လာမည့်နွေတွင် ဆော်ဒီသို့ပြောင်းရွှေ့ဖွယ်ရှိနေသည့် ဘရာဇီးလ်ဂိုးသမား အီဒါဆန်၏နေရာတွင် အစားထိုးရန်အတွက် ဆူဇူကီးကို စောင့်ကြည့်နေပြီး မန်ယူနှင့် အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
မန်ယူနှင့် မန်စီးတီးအသင်းတို့သည် ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ ကစားအပြီးတွင် မန်စီးတီးအသင်းက ပေးဂိုး ၂၇ ဂိုးပေးထားရပြီး မန်ယူအသင်းက ပေးဂိုး ၂၈ ဂိုးပေးထားရသည်။















