မျှော်လင့်ခြင်းများစွာဖြင့်

မျှော်လင့်ခြင်းများစွာဖြင့်
Photo : Manchester United
Photo : Manchester United
Published 18 November 2024
Wai Yan Aung

လာမယ့် ဇန်နဝါရီမှာမှ အသက် ၄၀ ပြည့်မယ့် လူငယ်နည်းပြတစ်ယောက်။ မန်ချက်စတာယူနိုက်တက်လို ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းကို ကိုင်တွယ်ခွင့်ရရှိလာခြင်းအတွက် သင့်လျော်မှန်ကန်တဲ့ ပေါင်းစပ်မှုတစ်ခုလို့ ယူဆသူတွေ အများကြီးရှိခဲ့ပါတယ်။ မန်ယူအသင်းက ဂန္ထဝင်နည်းပြ ဖာဂူဆန် အနားယူသွားကတည်းက ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ခြင်းမရှိတော့ဘဲ အိမ်နိမ့်စံအဖြစ် ရပ်တည်နေခဲ့ရတာပါ။ ဖာဂူဆန်ရဲ့နေရာကို ဒေးဗစ်မွိုက်စ်က ဆက်ခံခဲ့တာဖြစ်ပြီး သူ့နောက်မှာ ဗန်ဟားလ်၊ မော်ရင်ဟို၊ ဆိုးလ်ရှား၊ တန်ဟက်ဂ်တို့ လက်ဆင့်ကမ်းကိုင်တွယ်ခဲ့ကြပါတယ်။ ရိုင်ယန်ဂစ်၊ မိုက်ကယ်ကာရစ်၊ ရန်းညက်နဲ့ နစ္စတယ်ရွိုင်းတို့လည်း ယာယီနည်းပြတွေအဖြစ် တာဝန်ယူခဲ့ရပါသေးတယ်။ မန်ယူအသင်း တာဝန်ရှိသူတွေက နည်းပြသစ်တွေကို ပုံစံမျိုးစုံနဲ့ ရွေးချယ်ခန့်အပ်ခဲ့တာပါ။

 

Most Read

Most Recent