Putin's People ဆိုတဲ့စာအုပ်ကို ရေးသားသူ ကက်သရင်းဘယ်လ်တန်က ရုရှားသမ္မတပူတင်နဲ့ အော်လီဂါချ်တွေကြား ဆက်နွယ်မှုအကြောင်း အသေးစိတ်ရေးသားခဲ့တယ်။ သူက Reuters အတွက် စုံစမ်းဖော်ထုတ်ရေးသားပေးခဲ့တာပါပဲ။ ဒီအကြောင်းတွေ စာအုပ်အဖြစ်ထွက်လာချိန်မှာ ပူတင်နဲ့ အေဘရာမိုဗစ်ချ်ကြား လူသိပ်မသိတဲ့ လျှို့ဝှက်ချက်ထွက်လာတယ်။ ပူတင်ရဲ့ ခိုင်းစေချက်ကြောင့် ချယ်လ်ဆီးကို အေဘရာမိုဗစ်ချ် ဝယ်ယူခဲ့ရတယ်ဆိုတာပါပဲ။ ထုတ်ဝေသူ ဟာပါကောလင်းက Putin's People စာအုပ်မိတ်ဆက်ပွဲမှာ ပူတင်နဲ့ ရုရှားခရိုနီတွေကြား လျှို့ဝှက်ဇာတ်လမ်းများစွာ ဖတ်ရလိမ့်မယ်လို့ အာမခံတယ်။ အေဘရာမိုဗစ်ချ်ရဲ့အစိုးရနဲ့ပေါင်းသူဌေးဖြစ်နည်း ရွှေ့ကွက်တွေလည်း ပါတာပေါ့လေ။
■ အေဘရာမိုဗစ်ချ်နဲ့ ပူတင် ပေါင်းဖက်ကတဲ့ပြဇာတ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။