■ ဒဏ်ရာများကြားမှ နိုးထပြရတော့မယ့် စပိန်     

■ ဒဏ်ရာများကြားမှ နိုးထပြရတော့မယ့် စပိန်     
Photo: Getty Images
Photo: Getty Images
Published 11 October 2024
Hein Thant

ဒီတစ်ပတ်ကစားရမယ့် UEFA Nations League ပွဲစဉ်တွေက လက်ရှိချန်ပီယံစပိန်အသင်းအတွက်တော့ ဖိအားနည်းနည်း ရှိလာတယ်။ စပိန်အသင်းရဲ့ ဒီတစ်ခေါက်ပြိုင်ဘက်တွေက ဒိန်းမတ်နဲ့ ဆားဘီးယားတို့ပါ။ စပိန်ဟာ လက်ရှိ UEFA Nations League ရဲ့ League - A အုပ်စု (D)မှာ (၄)မှတ်ပဲရသေးပြီး အုပ်စုဒုတိယနေရာကို ရောက်နေတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ Nations League ပွဲစဉ်တွေမှာ ဆားဘီးယားနဲ့ ဂိုးမရှိသရေကျပြီး ဆွစ်ဇာလန်ကိုတော့ (၄-၁)ဂိုးနဲ ့နိုင်ထားတယ်။ စပိန်ရဲ့ အုပ်စုမှာ ဦးဆောင်နေတဲ့အသင်းက ဒိန်းမတ်ဖြစ်ပြီး  (၂)ပွဲကစား၊ (၂) ပွဲနိုင် ရမှတ် (၆)မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားနိုင်တယ်။ ဒါကြောင့် စပိန်အသင်းအတွက်တော့ လက်ရှိချန်ပီယံဘွဲ့ကိုဆက်ထိန်းနိုင်ရေးအတွက် အုပ်စုပထမနေရာကနေ ဆီမီးဖိုင်နယ်ရောက်ဖို့လိုအပ်နေပြီး ဒီတစ်ပတ်ကစားရမယ့် အိမ်ကွင်း (၂)ပွဲစလုံးကိုအနိုင်ကစားထားနိုင်ဖို့လိုလာတယ်။

 

Most Read