■ မန်ယူအသင်း၏ ကမ်းလှမ်းမှုနှစ်ကြိမ်ကို ဆီမြွန်နီအင်ဇာဂီ ပယ်ချခဲ့ဟု အီတလီမီဒီယာ ဖော်ပြ

■ မန်ယူအသင်း၏ ကမ်းလှမ်းမှုနှစ်ကြိမ်ကို ဆီမြွန်နီအင်ဇာဂီ ပယ်ချခဲ့ဟု အီတလီမီဒီယာ ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 11 October 2024

အီတလီမီဒီယာ Corriere dello Sport က အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီသည် မန်ယူအသင်း၏ ကမ်းလှမ်းမှု နှစ်ကြိမ်ကို ပယ်ချခဲ့သည်ဟု ဖော်ပြခဲ့သည်။ 

မန်ယူအသင်းသည် လက်ရှိနည်းပြ တန်ဟက်ဂ်၏နေရာတွင် အစားထိုးရန်အတွက် ထိပ်တန်းနည်းပြအချို့ကို ဆက်သွယ်ချဉ်းကပ်ခဲ့ရာ ဆီမြွန်နီအင်ဇာဂီလည်း ပါဝင်ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ 

သို့သော် ဆီမြွန်နီအင်ဇာဂီသည် မန်ယူအသင်း၏ ကမ်းလှမ်းမှု နှစ်ကြိမ်စလုံးကို ငြင်းပယ်ခဲ့ကြောင်း Corriere dello Sport က ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

ဆီမြွန်နီအင်ဇာဂီ (၄၈ နှစ်)သည် ပြီးခဲ့သည့်ရာသီက အင်တာမီလန်အသင်းကို စီးရီးအေချန်ပီယံဆု ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ၎င်းက လက်ရှိ အသင်းတွင်သာ အောင်မြင်မှုများ ထပ်မံရယူသွားရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

Most Read

Most Recent