■ စပိန်အသင်းမှ နုတ်ထွက်ရန် စဉ်းစားခဲ့ဖူးသည်ဟု မိုရာတာ ဖွင့်ဟ

■ စပိန်အသင်းမှ နုတ်ထွက်ရန် စဉ်းစားခဲ့ဖူးသည်ဟု မိုရာတာ ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 11 October 2024

စပိန်လက်ရွေးစင်အသင်း၏ တိုက်စစ်မှူး မိုရာတာက မိမိအနေဖြင့် စပိန်အသင်းမှ နုတ် ထွက်ရန် စဉ်းစားခဲ့ဖူးသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။ 

အေစီမီလန်တိုက်စစ်မှူး မိုရာတာသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် စပိန်လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ချန်ပီယံဆု ရယူနိုင်ခဲ့သူဖြစ်သည်။ 

သို့သော် ၎င်းက ယင်းပြိုင်ပွဲမတိုင်မီ စိတ်ဓာတ်ကျဆင်းမှုကြောင့် လက်ရွေးစင်အသင်းမှ နုတ်ထွက်၍ အနားယူရန် စဉ်းစားခဲ့ကြောင်း ဖွင့်ဟခဲ့ခြင်းဖြစ်သည်။ 

"ယူရိုမပြိုင်ခင် (၃)လလောက်မှာ ဘောလုံးမကစားချင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ ဘာကြောင့် အဲဒီလိုဖြစ်ရတာလဲဆိုတာ တကယ်မသိပါဘူး"ဟု မိုရာတာက ပြောကြားခဲ့သည်။

အသက် (၃၁) နှစ်အရွယ်ရှိ မိုရာတာသည် ၂၀၁၄ ခုနှစ်တွင် စပိန်လက်ရွေးစင်အသင်းအတွက် စတင်ပွဲထွက်ခဲ့ပြီး ပွဲ (၈၀) တွင် (၃၆) ဂိုး သွင်းယူပေးထားသည်။

၎င်းသည် ယခုရာသီတွင် အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၇) ပွဲတွင် (၂) ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent