လေဗာကူဆင်ကို ရှုံးနိမ့်ခဲ့သော်လည်း အသင်း၏စွမ်းဆောင်ရည်မှာ မိမိလက်ထက်တွင် အကောင်းဆုံးဖြစ်ခဲ့ကြောင်း အေစီမီလန်နည်းပြ ဖွန်ဆီကာ ပြောကြား

လေဗာကူဆင်ကို ရှုံးနိမ့်ခဲ့သော်လည်း အသင်း၏စွမ်းဆောင်ရည်မှာ မိမိလက်ထက်တွင် အကောင်းဆုံးဖြစ်ခဲ့ကြောင်း အေစီမီလန်နည်းပြ ဖွန်ဆီကာ ပြောကြား
Photo: X
Photo: X
Published 3 October 2024

အေစီမီလန်နည်းပြ ဖွန်ဆီကာက ချန်ပီယံလိဂ်တွင် လေဗာကူဆင်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ယင်းပွဲမှာ အေစီမီလန်အသင်းကို မိမိကိုင်တွယ်သည့်ကာလအတွင်း အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အေစီမီလန်အသင်းသည် အောက်တိုဘာ(၁) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ် League Phase ပွဲစဉ် (၂) တွင် လေဗာကူဆင်အသင်းကို အဝေးကွင်းတွင် သူတင်ကိုုယ်တင်ယှဉ်ပြိုင်ကစားနိုင်ခဲ့သော်လည်း (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

အေစီမီလန်အသင်းအနေဖြင့် ပထမဆုံးပွဲစဉ်တွင် လီဗာပူးလ်ကို ရှုံးနိမ့်ထားသည့်အတွက် ယခုပွဲမှာ ချန်ပီယံလိဂ်တွင် ဒုတိယရှုံးပွဲဖြစ်ခဲ့ပြီး (၂) ပွဲကစားပြီးချိန်တွင် (၂) ပွဲစလုံး ရှုံးနိမ့်ထားသည်။

သို့သော် ဖွန်ဆီကာက လေဗာကူဆင်နှင့်ပွဲမှ အသင်း၏စွမ်းဆောင်မှုမှာ ၎င်းလက်ထက် အကောင်းဆုံးဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွန်ဆီကာက ''ကျွန်တော်တို့ အနိုင်မရခဲ့ဘူးဆိုတာကတော့ အမှန်တရားပါပဲ။ ဒါပေမဲ့ ဒီပွဲမှာ အသင်းရဲ့စွမ်းဆောင်မှုဟာ ကျွန်တော် အေစီမီလန်အသင်းကို ကိုင်တွယ်ပြီးနောက် အကောင်းဆုံးစွမ်းဆောင်မှုပါပဲ။  အထူးသဖြင့် ဒုတိယပိုင်းမှာကျွန်တော်တို့ရဲ့စွမ်းဆောင်ရည် အရမ်းကောင်းခဲ့တာပါ။ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပေမဲ့ အဆုံးမသတ်နိုင်ခဲ့ပါဘူး''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent