■ ကတ်တလန်ကလပ်နဲ့အတူ အမြင့်ပျံဖို့ကြိုးစားမယ့် ပါဘလိုတော်ရေး

■ ကတ်တလန်ကလပ်နဲ့အတူ အမြင့်ပျံဖို့ကြိုးစားမယ့် ပါဘလိုတော်ရေး
Photo: Barcelona
Photo: Barcelona
Published 27 September 2024
Lin Oo Eain

ပြီးခဲ့တဲ့ရက်သတ္တပတ်က ကစားခဲ့တဲ့ လာလီဂါပွဲစဉ် (၆)မှာ ဘာစီလိုနာက ဗီလာရီးယဲလ်ကို (၅-၁)ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တယ်။ ဘာစီလိုနာအသင်းဟာ ၂၀၂၃ ဧပြီနောက်ပိုင်း ဂိုးအပြတ်ဆုံး အဝေးကွင်းနိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ပါဘလိုတော်ရေးက တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ပါဘလိုတော်ရေးက "ဘာစီလိုနာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့လို့ တကယ်ကို ပျော်ရွှင်မိပါတယ်။ ယုံကြည်မှုပေးတဲ့ နည်းပြ ဟန်ဆီဖလစ်ခ်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ လာမယ့်ပွဲတွေမှာလည်း ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားသွားမှာပါ"လို့ ဆိုခဲ့တယ်။