ကြောင်သူတော်တွေနဲ့ ငွေကြေးရဲ့ကျွန်

ကြောင်သူတော်တွေနဲ့ ငွေကြေးရဲ့ကျွန်
Photos: FifPro
Photos: FifPro
Published 25 September 2024
AK

ထိပ်တန်းကစားသမားတွေရဲ့ကျန်းမာရေးအန္တရာယ်က စိုးရိမ်ရေမှတ်ရောက်နေပြီ။ ထိပ်တန်းကစားသမားတစ်ယောက်က တစ်ရာသီကို ပွဲ ၅၀ ကနေ ပွဲ ၆ဝကြား ကစားလာရတယ်။ အဲဒီလိုကစားနိုင်ဖို့ဆိုတာ ကစားသမားတိုင်းမဖြစ်နိုင်ပါဘူး။ အသက်အရွယ်က အဓိကကျပြီး ရက်သတ္တပတ်တစ်ခုအတွင်းမှာ နှစ်ပွဲထက်ပိုပြီး ကစားရတဲ့ အခြေအနေမျိုးက လူတိုင်းအတွက် မလွယ်ကူပါဘူး။ ရာသီတစ်ခုပြီးဆုံးတဲ့အခါ ကစားသမားတွေအတွက် အနားယူချိန်ရက်သတ္တပတ် ၅ ပတ်ကနေ၊ ၆ ပတ်ကြား လိုအပ်ပေမယ့် ရက်သတ္တပတ်သုံးပတ်လောက်ပဲ ရနေပါတယ်။ ထိပ်တန်းကစားသမားတွေဟာ သူတို့ချစ်မြတ်နိုးတဲ့ ဘောလုံးအားကစားနည်းအတွက် ပေးဆပ်ရင်း သူတို့အသက်အန္တရာယ်သူတို့ရန်ရှာသလို ဖြစ်နေပါပြီ။ အန်ဆယ်လော့တီလို နည်ပြမျိုးဆီကလည်း မတော်လောဘကို မြင်နေရတယ်။ ရာနှုန်းပြည့်မပေးဆပ်ရင် တစ်ရာသီစာလက်မှတ် ဝယ်ထားတဲ့ပရိသတ်တွေကို မျက်နှာပူစရာကောင်းတယ်ဆိုတာပဲ။ အန်ဆယ်လော့တီရဲ့စကားက စိတ်ဓာတ်လှုံ့ဆော်ရေးဆန်ပေမယ့် ကစားသမားတွေဟာ မရပ်မနားပေးဆပ်ရင်း အသက်သေဆုံးမယ့် ကျွန်တွေလိုမဖြစ်သင့်ပါဘူး။

 

Most Read

Most Recent