မာရက်စကာရဲ့ စစ်တုရင်အတွေး

မာရက်စကာရဲ့ စစ်တုရင်အတွေး
Photo : Getty Images
Photo : Getty Images
Published 23 September 2024
AK

ချယ်လ်ဆီးနည်းပြ မာရက်စကာက ဘောလုံးပွဲကို စစ်တုရင်လို သဘောထားပါတယ်။ အဲဒီခံစားချက်ဟာ ဂွါဒီယိုလာနဲ့ ဆင်တူပါတယ်။ သူတို့ နှစ်ဦးကြား ဆက်နွယ်မှုကလည်း ရှည်လျားခဲ့ဖူးတယ်။ မာရက်စကာက မန်စီးတီးမှာ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြ ဖြစ်ခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ ရေစက်က အဲဒီအချိန်ကာလထက်လည်း စောခဲ့ဖူးတယ်။ ဂွါဒီယိုလာနဲ့  ပထမဆုံးစကားပြောဆိုချိန်မှာ မာရက်စကာက ကစားသမားဘဝမှာပဲ ရှိနေသေးတယ်။ဘာစီလိုနာနည်းပြ ဂွါဒီယိုလာကို မာလာဂါကစားသမား မာရက်စကာ စကားစမြည်ပြောခွင့် ရခဲ့တယ်။ အီတလီဂန္ထဝင်နည်းပြ ကာလိုမက်ဇိုနီနဲ့ သူတို့နှစ်ဦးစလုံး ရေစက်ဆုံဖူးတာလည်း တူညီပါတယ်။ မာရက်စကာက ကာဂလီယာရီအသင်းမှာ၊ ဂွါဒီယိုလာက ဘရက်စီယာအသင်းမှာ မက်ဇိုနီနဲ့ ဆုံခဲ့ဖူးတာပါ။ မက်ဇိုနီက နည်းပြဘဝမှာ ဆုဖလား အောင်ပွဲတွေ မရပေမဲ့ သူ့ရဲ့အတွေးအခေါ်၊ ကစားသမား ပြုစုပျိုးထောင်ပေးမှုတွေကြောင့် ဂန္ထဝင်ဆန်ခဲ့သူပါ။

 

Most Read

Most Recent