■ ဘာစီလိုနာကွင်းလယ်လူ ဂါဗီ လေ့ကျင့်မှု ပြန်လည်ပြုလုပ်

■ ဘာစီလိုနာကွင်းလယ်လူ ဂါဗီ လေ့ကျင့်မှု ပြန်လည်ပြုလုပ်
Published 13 September 2024

ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရသော ဘာစီလိုနာကွင်းလယ်လူ ဂါဗီသည် လေ့ကျင့်မှု ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ 

ဂါဗီ(၂၀ နှစ်)သည် ပြီးခဲ့သည့်နှစ်က ယှဉ်ပြိုင်ခဲ့သော ဂျော်ဂျီယာအသင်းနှင့် ယူရို-၂၀၂၄ ခြေစစ်ပွဲတွင် ACL ဒဏ်ရာရရှိခဲ့သည့်အ တွက် (၁၀)လနီးပါး အနားယူခဲ့ရခြင်းဖြစ်သည်။ 

ဂါဗီသည် အသင်းနှင့်အတူ လေ့ကျင့်မှု ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်သည့်အတွက် ယခုတစ်ပတ် လာလီဂါနှင့် ချန်ပီယံလိဂ်ပွဲများတွင် ပါဝင်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် နည်းပြ ဟန်ဆီဖလစ်ခ်လက်ထက်တွင် ခြေစွမ်းပြနေပြီး လာလီဂါပွဲစဉ် (၄) အပြီးတွင် ရာနှုန်းပြည့်နိုင်ပွဲရကာ ရမှတ် (၁၂) မှတ်ဖြင့် အဆင့် (၂) နေရာမှ ရီးယဲလ်မက်ဒရစ်အသင်း (၈ မှတ်)ကို (၄) မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ 

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်အနေဖြင့် ဂါဗီအား အခြေအနေကို စောင့်ကြည့်နေပြီး ကြံ့ခိုင်မှုပြည့်ဝမှသာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ 

Most Read

Most Recent