မန်ယူအားအနိုင်ရခြင်းမှာ အံ့အားသင့်စရာမဟုတ်ဟု ဘရိုက်တန်နည်းပြ ဆို

မန်ယူအားအနိုင်ရခြင်းမှာ အံ့အားသင့်စရာမဟုတ်ဟု ဘရိုက်တန်နည်းပြ ဆို
Photo: X
Photo: X
Published 26 August 2024

ဘရိုက်တန်အသင်း၏နည်းပြ ဟူဇီလာက မန်ယူအသင်းအား အနိုင်ရခြင်းမှာ အံ့အားသင့်စရာမဟုတ်ဟု ပြောကြားခဲ့သည်။

ဘရိုက်တန်အသင်းသည် ယခုနောက်ပိုင်း ပရီးမီးယားလိဂ်ဆုံတွေ့မှုများတွင် မန်ယူအသင်းကို အသာစီးရရှိနေပြီး  ဟူဇီလာလက်ထက်တွင်လည်း နိုင်ပွဲယူနိုင်ခဲ့ခြင်းဖြစ်သည်။

''ဒါက အံ့အားသင့်စရာ မဟုတ်ပါဘူး။ ကျွန်တော့်အလုပ်က လွန်ခဲ့တဲ့သုံးနှစ်လောက်ကရှိနေတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးရတာပါ။ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက အသင်းရဲ့အောင်မြင်မှုက တော်တော်ကြီးပါတယ်။ အဲဒါကြောင့် ကျွန်တော် အပြောင်းအလဲအများကြီး မလုပ်ပါဘူး။ ကျွန်တော်က သူတို့နဲ့ထိုက်တန်တဲ့ အောင်မြင်မှုကို ပေးနိုင်ဖို့ ကြိုးစားရုံပါပဲ'' ဟု ဟူဇီလာက ပြောကြားခဲ့သည်။

မန်ယူအသင်းအနေဖြင့် ဘရိုက်တန်အသင်းအား ပရီးမီးယားလိဂ်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်တွင် ငါးကြိမ်မြောက် ရှုံးနိမ့်ခြင်းဖြစ်သည်။

ထို့ပြင် အဲရစ်တန်ဟက်ဂ် စတင်ကိုင်တွယ်သည့် ၂၀၂၂-၂၀၂၃ ရာသီမှစ၍ မိနစ် ၉၀ အပါအဝင် နာကျင်အချိန်ပိုသွင်းဂိုးများကြောင့် မန်ယူအသင်း ရှုံးပွဲကြုံတွေ့မှုမှာ ခြောက်ပွဲအထိရှိလာပြီဖြစ်သလို ယင်းကာလအတွင်း အခြားအသင်းများအားလုံးထက် ပိုများကြောင်း သိရသည်။ 

Most Read

Most Recent