ငွေကြေးကြောင့် ဘာစီလိုနာကို စွန့်ခွာခဲ့ခြင်းမဟုတ်ဟု ဂီအူ ဆို

ငွေကြေးကြောင့် ဘာစီလိုနာကို စွန့်ခွာခဲ့ခြင်းမဟုတ်ဟု ဂီအူ ဆို
Photo: Chelsea
Photo: Chelsea
Published 5 August 2024

ဘာစီလိုနာအသင်းမှ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာသည့် စပိန်တိုက်စစ်ကြယ်ပွင့် မက်ဂီအူက ငွေကြေးကြောင့် အသင်းဟောင်းကို စွန့်ခွာခဲ့ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အသက်(၁၈)နှစ်သာ ရှိသေးသည့် မက်ဂီအူကို စာချုပ်လျော်ကြေး ယူရို(၅)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

''ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားခွင့်ရဖို့ အမြဲရည်မှန်းထားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ သမိုင်းကြောင်း မြောက်မြားစွာရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ ကလပ်ပါပဲ။ ဒါက ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းတဲ့ အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အသင်းပြောင်းရွှေ့ဖို့ ကျွန်တော် လုပ်ဆောင်ခဲ့ပါတယ်''ဟု ဂီအူက ပြောကြားခဲ့သည်။

မက်ဂီအူသည် ပရီးမီးယားလိဂ်တွင် ကစားခွင့်ရရန် မျှော်လင့်နေသော်လည်း ချယ်လ်ဆီးအသင်းက အငှားပြန်ချဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent