တောင်တရုတ်ပင်လယ်တွင် ပြည်ပ၏ဝင်ရောက်စွက်ဖက်မှုကို နှိမ်နင်းသွားမည်ဟု တရုတ် ပြောကြား

တောင်တရုတ်ပင်လယ်တွင် ပြည်ပ၏ဝင်ရောက်စွက်ဖက်မှုကို နှိမ်နင်းသွားမည်ဟု တရုတ် ပြောကြား
တရုတ်ကျည်းတပ်၏ ဒုတိယဗိုလ်မှူးကြီး ဟီလိုင်ကို တွေ့ရစဉ် (Photo: CGTN)
တရုတ်ကျည်းတပ်၏ ဒုတိယဗိုလ်မှူးကြီး ဟီလိုင်ကို တွေ့ရစဉ် (Photo: CGTN)
Published 12 September 2024

တောင်တရုတ်ပင်လယ်အပါအဝင် တရုတ်၏ အချုပ်အခြာအာဏာပိုင် နယ်နိမိတ်နှင့်ပတ်သက်ပြီး ပြည်ပ၏ ဝင်ရောက်စွက်ဖက်မှုများကို နှိမ်နင်းသွားမည်ဖြစ်ကြောင်း တရုတ်စစ်တပ်၏ ထိပ်သီးအရာရှိတစ်ဦးက စက်တင် ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အပါအဝင် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ပင်လယ်ရေကြောင်းနေရာဒေသများတွင် တရုတ်၏ မြင့်တက်လာသည့် ချဉ်းကပ်ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်အကြား အပြန်အလှန် ဝေဖန်မှုများရှိခဲ့သည်။

မကြာသေးမီလများအတွင်း တရုတ်သင်္ဘောများသည် တောင်တရုတ်ပင်လယ်၏ ရေပြင်များအတွင်း ဖိလစ်ပိုင်သင်္ဘောများနှင့် ထိပ်တိုက်တွေ့မှုများ မကြာခဏဖြစ်ပွားခဲ့သည်။

မိမိတို့အနေဖြင့် တောင်တရုတ်ပင်လယ်ကို ငြိမ်းချမ်းရေးပင်လယ်တစ်ခုအဖြစ် ဆက် လက်တည်ရှိနေလိမ့်မည်ဟု မျှော်လင့်ထားကြောင်း တရုတ်ကျည်းတပ်၏ ဒုတိယဗိုလ်မှူးကြီး ဟီလိုင်က ကာကွယ်ရေးဖိုရမ်တစ်ခုဖြစ်သည့် Xiangshan ဖိုရမ်တွင် သတင်းထောက်များနှင့်တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။

“ဒါပေမယ့် အမေရိကန်က နောက်ကွယ်ကနေပြီး သူ့ရဲ့နယ်ရုပ်တွေကို အကွက်ရွှေ့နေမယ်ဆိုရင်၊ အခြေအနေကို ရှေ့တန်းစစ်မျက်နှာအထိရောက်အောင် တွန်းပို့နေမယ်ဆိုရင် ဒါမှမဟုတ် အမေရိကန်ကိုယ်တိုင်ကရှေ့တန်းကို ထွက်လာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဘယ်တော့မှသည်းခံမှာမဟုတ်ပါဘူး” ဟု ဟီက ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့အနေဖြင့် တရုတ်၏ နယ်နိမိတ်၊ အချုပ်အခြာအာဏာ၊ ပင်လယ်ရေကြောင်းအခွင့်အရေးများ၊ အကျိုးစီးပွားများနှင့်ပတ်သက်ပြီး ပြည်ပ၏မည်သည့်ဝင်ရောက်စွက်ဖက်မှုကိုမဆို ခိုင်မာပြတ်သားစွာ ကာကွယ်သွားမည်ဖြစ်ကြောင်းလည်း ဟီက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နှင့် အမေရိကန်အကြားတင်းမာမှုများကို ဖြေရှင်းရန် အမေရိကန်အပေါ်တွင်သာ မူတည်ကြောင်း ဟီက ပြောကြားခဲ့သည်။

အမေရိကန် ဒုတိယလက်ထောက်ကာ ကွယ်ရေးဝန်ကြီး မိုက်ကယ်ချေ့စ်သည် ယခုသီတင်းပတ်အတွင်း ပေကျင်းတွင်ပြုလုပ်မည့် Xiangshan ဖိုရမ်ကို တက်ရောက်လိမ့်မည်ဟုလည်း ဟီက အတည်ပြုခဲ့သည်။

“သူ့ရဲ့ ခရီးစဉ်နဲ့ သူတက်ရောက်မယ့်အစည်းအဝေးတွေအတွင်း မိုက်ကယ်ချေ့စ်အနေနဲ့ တရုတ်နိုင်ငံနဲ့ တရုတ်စစ်တပ်ရဲ့အသံတေါကို ပိုပြီးနားထောင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”ဟု ဟီက ပြော ကြားခဲ့သည်။

“အမေရိကန်ကို ပေးပို့နေတဲ့ ကျွန်တော်တို့ရဲ့ အမှာစကားကတော့ ကျွန်တော်တို့ နှစ်နိုင်ငံ၊ နှစ်နိုင်ငံစစ်တပ်တွေကို မိတ်ဖက်တွေ၊ မိတ်ဆွေတွေအဖြစ် ရှိစေချင်တာပါ။ တရုတ်- အမေရိကန်ဆက်ဆံရေးကို အပြန်အလှန်အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုမျိုးဖြစ်စေဖို့ကျွန်တော်တို့က ဆက်လက်လုပ်ဆောင် ချင်တယ်ဆိုတဲ့အမှာစကားပဲဖြစ်ပါတယ်”ဟု ဟီက ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့်လည်း ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ယခုထက်ပိုပြီး အထောက်အကူပြုပေးစေလိုကြောင်း ဟီက ပြောကြားခဲ့သည်။ပေကျင်းမြို့တော်တွင် စက်တင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့သည့် ၁၁ ကြိမ်မြောက် Xiangshan ဖိုရမ်ကို နိုင်ငံပေါင်းနှင့် အဖွဲ့အစည်းပေါင်း ၉၀ ကျော်မှ ကိုယ်စား လှယ်ပေါင်း ၅၀၀ ကျော် တက်ရောက်ဖွယ်ရှိသည်။                                                         Ref: AFP

Most Read

Most Recent