စပါးနှင့်ကစားမည့်ပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် ဂီလ်လက်ကို ခန့်အပ်ခဲ့ခြင်းအတွက် အာဆင်နယ်ပရိသတ်များ ဒေါသထွက်

စပါးနှင့်ကစားမည့်ပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် ဂီလ်လက်ကို ခန့်အပ်ခဲ့ခြင်းအတွက် အာဆင်နယ်ပရိသတ်များ ဒေါသထွက်
Photo: Premier League
Photo: Premier League
Published 12 September 2024

အာဆင်နယ်ပရိသတ်များသည် မြောက်လန်ဒန်ဒါဘီအဖြစ် ကစားမည့် စပါး-အာဆင်နယ်ပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် ဂီလ်လက်ကို ခန့်အပ်ခဲ့ခြင်းအတွက် ဒေါသထွက်နေကြကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် စက်တင်ဘာ (၁၅)ရက်(တနင်္ဂနွေနေ့)တွင် စပါးအသင်းကို အဝေးကွင်း သွားရောက်ရင်ဆိုင်ရမည်ဖြစ်ပြီး အသင်းတွင် ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသည်။

စပါးအသင်းနှင့်ကစားမည့်ပွဲကို အာဆင်နယ်အသင်း၏အဓိကကစားသမားများဖြစ်သည့် အော်ဒီဂွါ၊ ဂျေးဇူး၊ တင်ဘာစ်နှင့် ကာလာဖီအိုရီတို့မှာ ဒဏ်ရာပြဿနာများကြောင့် လွဲချော်မည်ဖြစ်ပြီး ဒက်ကလန်ရိုက်စ်မှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။

ယင်းအခြေအနေတွင် ပရီးမီးယားလိဂ်ဒိုင်အဖွဲ့က စပါး-အာဆင်နယ်ပွဲအား ကိုင်တွယ်ရန် ဒိုင်လူကြီး ဂီလ်လက်ကို တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

ဂီလ်လက်သည် ပြီးခဲ့သည့်ရာသီက အက်စတွန်ဗီလာ (၁-၀) အာဆင်နယ်ပွဲကို ကိုင်တွယ်ခဲ့ပြီး အဆိုပါပွဲစဉ်တွင် အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူူးမှာ ပယ်နယ်တီဧရိယာထဲတွင် လူချခံခဲ့ရသော်လည်း ပယ်နယ်တီ မရခဲ့သည့်အတွက် အာဆင်နယ်ပရိသတ်များ ဒေါသထွက်ခဲ့ကြသည်။

ထို့ပြင် ယခုရာသီ ဝုလ်ဗ်နှင့်ပွဲတွင် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်အချို့ ချမှတ်ခဲ့သည်။

ထို့ကြောင့် ၎င်းကို စပါးနှင့်ကစားမည့်ပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် ခန့်အပ်ခြင်းအပေါ် အာဆင်နယ်ပရိသတ်များ ဒေါသထွက်နေကြပြီး ''ရာသီကို ဖျက်လိုက်တော့''၊ ''ဂါဘရီယဲလ် အနီကတ်၊ စပါး ပယ်နယ်တီ'' စသည့် မှတ်ချက်များကို လူမှုကွန်ရက် X တွင် ရေးသားခဲ့ကြကြောင်း သိရသည်။ 

Most Read

Most Recent