၂၀၂၄-၂၀၂၅ ရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲဝင် မြဝတီအမျိုးသမီးအသင်း အုပ်စုပထမပွဲတွင် အိမ်ရှင်ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ဂိုးပြတ်ရှုံးနိမ့်

၂၀၂၄-၂၀၂၅ ရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲဝင် မြဝတီအမျိုးသမီးအသင်း အုပ်စုပထမပွဲတွင် အိမ်ရှင်ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ဂိုးပြတ်ရှုံးနိမ့်
Photo: Myawaddy FC
Photo: Myawaddy FC
Published 26 August 2024

၂၀၂၄-၂၀၂၅ ရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲဝင် မြဝတီအမျိုးသမီးအသင်းသည် အုပ်စုပထမပွဲတွင် အိမ်ရှင်ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မြဝတီအမျိုးသမီးအသင်းသည် ခြေစစ်ပွဲ အုပ်စုပထမပွဲအဖြစ် သြဂုတ် ၂၆ ရက် မြန်မာစံတော်ချိန် နံနက် ၁းဝ၀ နာရီတွင် အိမ်ရှင် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၀-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြဝတီအမျိုးသမီးအသင်းတွင် မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်သည့် ဖြူဖြူဝင်း၊  ပုံ့ပုံ့ပြည့်မောင်၊ ရူပါခိုင်၊ ခိုင်သဇင် အစရှိသူတို့ ပွဲထွက်ပါဝင်ကစားခဲ့ကြသော်လည်း ခြေစွမ်းပိုင်းတွင် အိမ်ရှင်ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ယှဉ်မကစားနိုင်ခဲ့ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြဝတီအမျိုးသမီးအသင်းသည် ပွဲကစားချိန် (၂၁၊ ၂၈၊ ၆၃) မိနစ်များတွင် အိမ်ရှင်ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ဂိုးများပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြဝတီအမျိုးသမီးအသင်းသည် ၂၀၂၄-၂၀၂၅ ရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲအုပ်စု(A) တွင် လာအိုကလပ် Young Elephant၊ ယူအေအီးကလပ် အဘူဒါဘီ၊  ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာအသင်းတို့ နှင့် ကျရောက်နေလျက်ရှိပြီး ယင်းအုပ်စုပွဲစဉ်များကို ဆော်ဒီအာရေဗျနိုင်ငံ၊ ရီးယက်စ်မြို့တွင် ကျင်းပနေလျက်ရှိသည်။

သြဂုတ် ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုတွင်း အခြားပွဲစဉ်တွင် ယူအေအီးကလပ် အဘူဒါဘီအသင်းက လာအိုကလပ် Young Elephant အသင်းကို(၂-၁) ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။

လက်ရှိတွင် ဆော်ဒီအာရေဗျကလပ်  အယ်လ်နာဆာအသင်းနှင့် ယူအေအီးကလပ်  အဘူဒါဘီအသင်းတို့မှာ ရမှတ် သုံးမှတ်စီရရှိထားပြီး ဆော်ဒီအာရေဗျကလပ်  အယ်လ်နာဆာအသင်းက ဂိုးကွာခြားချက်အသာဖြင့် အုပ်စုထိပ်ဆုံးနေရာ၌ ရပ်တည်နေသည်။

မြဝတီအမျိုးသမီးအသင်းသည် ခြေစစ်ပွဲ အုပ်စုဒုတိယပွဲအဖြစ် သြဂုတ် ၂၈ ရက် မြန်မာစံတော်ချိန် ည (၉)နာရီတွင် ယူအေအီးကလပ် အဘူဒါဘီအသင်း၊ ခြေစစ်ပွဲ အုပ်စုတတိယပွဲအဖြစ်  သြဂုတ် (၃၁)ရက် မြန်မာစံတော်ချိန် ည (၁၁) နာရီ (၄၅)မိနစ်တွင် လာအိုကလပ် Young Elephant အသင်းတို့နှင့် ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။  

 

Most Read

Most Recent