သြစတြေးလျ တွင် လသားအရွယ်ရှိ ကလေးအား ကော်ဖီပူဖြင့်ပက်ခဲ့သူကို နိုင်ငံတကာရဲတပ်ဖွဲ့များက ရှာဖွေနေ

သြစတြေးလျ တွင် လသားအရွယ်ရှိ ကလေးအား ကော်ဖီပူဖြင့်ပက်ခဲ့သူကို နိုင်ငံတကာရဲတပ်ဖွဲ့များက ရှာဖွေနေ
Published 10 September 2024

ပြီးခဲ့သည့်လက ကိုးလသားအရွယ်ရှိ ကလေးငယ်အား ကော်ဖီပူဖြင့်ပက်ခဲ့သည့် အမျိုးသားကို သြစတြေးလျအာဏာပိုင်များ က ဖမ်းဝရမ်းထုတ်ထားသည့်အပြင် ၎င်းကို  နိုင်ငံတကာရဲတပ်ဖွဲ့များကလည်း ရှာဖွေ လျက်ရှိသည်။

သြဂုတ် ၂၇ ရက်က သြစတြေးလျ  နိုင်ငံ ကွင်းစလန်း ပြည်နယ်ရှိ ဟန်လွန်ဥယျာဉ်တွင် အခင်းဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က   စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည်။

ရဲတပ်ဖွဲ့အဆိုအရ ကျူးလွန်သူသည် အသက် ၃၃ နှစ်အရွယ်ရှိ နိုင်ငံခြားသားဖြစ်ပြီး သြစတြေးလျတွင် မရှိတော့သည့်အတွက် ကွင်းစလန်းရဲတပ်ဖွဲ့က ၎င်းကိုဖမ်းဆီးနိုင်ရေး   ပြည်တွင်းပြည်ပအာဏာပိုင်များနှင့် ပူးပေါင်းလိုက်ရခြင်းဖြစ်သည်။

အခင်းဖြစ်သည့်နေ့က   လူတစ်စုအနားသို့ ၎င်းအမျိုးသားကပ်သွားခဲ့သည်။လူချင်းသိမနေကြဘဲ ၎င်းအမျိုးသား က ကလေးကိုကော်ဖီပူဖြင့်ပက်ကာ ထွက်ပြေးသွားသည်။ကလေးက အပူလောင်ဒဏ်ရာဖြင့် ဆေးရုံပို့လိုက်ရသည်။ 

သို့သော်အသက်အန္တရာယ်စိုးရိမ်ရသည့်အဆင့် မဟုတ်ဟု ရဲတပ်ဖွဲ့ ကပြောသည်။အခင်းဖြစ်စဉ်ကိုမှတ်တမ်းတင် ရိုက်ကူးထားသည့် စီစီတီဗီ ဗီဒီယိုလည်းထွက်  လာသည်။

ကျူးလွန်သူသည် ဦးထုပ်အမဲရောင်  နှင့် မျက်မှန်ဝတ်ဆင်ထားပြီး အသားညိုသည် ဟု ရဲတပ်ဖွဲ့ကပြောသည်။ ကလေးက မျက်နှာ၊ လက်နှင့်ခြေထောက်နေရာတို့တွင်အပူ လောင်ဒဏ်ရာများရခဲ့ပြီး ဥယျာဉ်သို့မိသားစု ပျော်ပွဲစားထွက်လာရင်း ယင်းသို့ကြုံလိုက်ရ ခြင်းဖြစ်သည်။     

Ref: Yahoo

 

Most Read

Most Recent