ဘီးလင်းမြို့နယ် သပြေနီကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မြေးအဘွားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အဆိုပါရွာအနီးတွင်ပင် ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရကာ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိ

ဘီးလင်းမြို့နယ် သပြေနီကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မြေးအဘွားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အဆိုပါရွာအနီးတွင်ပင် ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရကာ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိ
​​​​​​​ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ယာဉ်များ စောင့်ဆိုင်းနေရစဉ် (ဓာတ်ပုံ-CJ)
​​​​​​​ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ယာဉ်များ စောင့်ဆိုင်းနေရစဉ် (ဓာတ်ပုံ-CJ)
Published 10 September 2024

ဘီးလင်းမြို့နယ် သပြေနီကျေးရွာအတွင်း စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီခွဲခန့်က လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မြေးအဘွားနှစ်ဦး လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါရွာ အနီးတွင်ပင် ခရီးသည်တင်ယာဉ်တစ်စီးပစ် ခတ်ခံရပြီး အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြော ကြားချက်အရ သိရသည်။

စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီဝန်း ကျင်က ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ် အစပ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ သဲဖြူချောင်းတံတားရှိ လုံခြုံရေးစစ်ဆေးရေး ဂိတ်အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ လက် နက်ကြီးလက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “တိုက်ပွဲအတွင်း မှာ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ တံ တားအနီးမှာရှိတဲ့ သပြေနီကျေးရွာထဲကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ခဲ့လို့ အသက် ၅၅ နှစ်အရွယ် ဒေါ်မိသေးနဲ့ မြေးဖြစ် သူ အသက် ၁၄ နှစ်အရွယ် မနန်းရွှေရည်တို့ မြေးအဘွားနှစ်ဦးလည်း လက်နက်ကြီးကျည် စထိမှန်ဒဏ်ရာတွေရရှိခဲ့ပါတယ်” ဟု ဆိုသည်။

          လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိ ခဲ့သည့် မြေးအဘွားနှစ်ဦးအား ဒေသခံလူမှုကူ ညီကယ်ဆယ်ရေးအဖွဲ့က သထုံခရိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ၎င်းင်း ဒေသခံက ဆိုသည်။

          ထို့ပြင် မွန်းလွဲ ၂ နာရီခန့်ကလည်း ကျိုက် ထိုမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင် လာသည့် Toyota Hiace  အမျိုးအစား ခရီး သည်တင်ယာဉ်ငယ်တစ်စီးမှာလည်း လက် နက်ငယ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်းလည်း ၎င်းင်း ဒေသခံက ဆိုသည်။

          ၎င်းင်းက ဆက်လက်ပြီး “ဒဏ်ရာရသွား သူက ရေးမြို့နယ် ကော့ဒွတ်ကျေးရွာက အ သက် ၃၇ နှစ်အရွယ် မကေသီဦးလို့ သိရ တယ်။ သူ့ရဲ့ ဘယ်ဘက်ခါးအထက်နားမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့တာပါ။ အဲ့ဒီခ ရီးသည်တင်ကားက ရေးမြို့ကိုသွားတဲ့ ကား လို့ သိရတယ်။ မကေသီဦးကို ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကို တင်ပို့ပေးထားပါတယ်။ ဒဏ်ရာက စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ် လို့ သိရတယ်” ဟုပြောကြားသည်။

          ထို့ပြင် စက်တင်ဘာ ၉ ရက် နံနက် ၁၁ နာရီခန့်တွင်လည်း ဘီးလင်းမြို့နယ် တောင် ကလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ မစောတံတား၌ စောင့်ကြပ် နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက် နက်ကိုင်အဖွဲ့တစ်ဖွဲ့အဖွဲ့က လာရောက်တိုက် ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း ခရီးသွားများထံမှ သိရသည်။

          ထိုသို့ တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ရန် ကုန်-မော်လမြိုင်ကားလမ်းမှာ နံနက် ၉ နာရီ ခန့်မှ မွန်းလွဲ ၂ နာရီခန့်အထိ လမ်းပိတ်ဆို့မှု ဖြစ်ပွားပြီး မွန်းလွဲ ၂ နာရီခွဲခန့်မှသာ ကား လမ်းပြန်ပွင့်ကာ ယာဉ်များ ပုံမှန်အတိုင်း ပြန် လည်သွားလာနိုင်ခဲ့ကြောင်း သိရသည်။

          ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်ကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်း ဘီးလင်းမြို့ နယ် တောင်ကလေးကျေးရွာအနီးရှိ မစောတံ တား၌ စောင့်ကြပ်နေသော လုံခြုံရေးတပ်ဖွဲ့ ဝင်များအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်းနှင့် ယင်းတိုက်ပွဲအတွင်း အရပ်သား နှစ်ဦး သေဆုံးကာ ငါးဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

          ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက် ညပိုင်းက မွန်ပြည်နယ် သထုံမြို့နယ် ဒုံဝန်း ကျေးရွာအုပ်စု ကမာစိုင်ကျေးရွာအနီး ရန်ကုန် -မော်လမြိုင်ကားလမ်းတွင် Toyota hiace  အမျိုးအစား ခရီးသည်တင်ယာဉ်တစ်စီး  မိုင်း ဆွဲတိုက်ခိုက်ခံရပြီး ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦး သေဆုံးကာ ခရီးသည်ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent