အီရန်က ရုရှားကို တာတိုပစ်ဒုံးကျည်များ ပေးပို့ခဲ့သည်ဟု အမေရိကန်က ယူဆထားကြောင်း မီဒီယာများတွင် ဖော်ပြ

အီရန်က ရုရှားကို တာတိုပစ်ဒုံးကျည်များ ပေးပို့ခဲ့သည်ဟု အမေရိကန်က ယူဆထားကြောင်း မီဒီယာများတွင် ဖော်ပြ
၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်က အီရန်နိုင်ငံ ကွမ်မြို့အနီးတွင် အီရန်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း ဒုံးကျည်တစ်စင်းပစ်လွှတ်နေပုံကို တွေ့ရစဉ်(Photo:AP)
၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်က အီရန်နိုင်ငံ ကွမ်မြို့အနီးတွင် အီရန်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း ဒုံးကျည်တစ်စင်းပစ်လွှတ်နေပုံကို တွေ့ရစဉ်(Photo:AP)
Published 9 September 2024

အီရန်သည် ယူကရိန်းစစ်ပွဲတွင် ရုရှားအား တာတိုပစ်ဒုံးကျည်များ ပေးပို့ခဲ့သည်ဟု အမေရိကန်က ယူဆထားပြီး ထိုသို့ယူဆထား သည့်အချက်ကို အမေရိကန်၏ မဟာမိတ်များအား အသိပေးခဲ့သည်ဟု ထိုအကြောင်းအရာနှင့် နီးစပ်သည့် လူပုဂ္ဂိုလ်နှစ်ဦးက ပြောကြားခဲ့သည်။

အီရန်သည် ရုရှားကို လက်နက်မည်မျှ ပေးပို့ခဲ့သည်ဆိုခြင်းနှင့် မည်သည့်အချိန်တွင် ပေးပို့ခဲ့သည်ဆိုခြင်းကိုမူ ထိုလူပုဂ္ဂိုလ်နှစ်ဦးက အသေးစိတ် ပြောကြားခဲ့ခြင်းမရှိသော်လည်း ထိုအကြောင်းအရာကို အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းက ဖော် ထုတ်သိရှိခဲ့ကြောင်း ၎င်းတို့နှစ်ဦးက အတည်ပြုခဲ့သည်။ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ဖော်ခဲ့ခြင်း မရှိသဖြင့် ထိုလူပုဂ္ဂိုလ်နှစ်ဦးက အမည်မဖော်လိုသူများအဖြစ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်နက်ပေးပို့မှုများနှင့် ပတ်သက်ပြီး အတည်ပြုရန် အိမ်ဖြူတော်က ငြင်းဆိုခဲ့သော်လည်း အီရန်သည် ရုရှားကို ထောက်ပံ့မှုများ မြှင့်တင်နေသည့်အချက်အပေါ် စိုးရိမ်ကြောင်း ထပ်တလဲလဲပြောကြားခဲ့သည်။

အီရန်အနေဖြင့် ရုရှားကို ပဲ့ထိန်းဒုံးကျည်များ ပေးပို့ခြင်းမပြုရန် အိမ်ဖြူတော်က ပြီးခဲ့သည့်လများအတွင်းက သတိပေးခဲ့သည်။

“အီရန် ပဲ့ထိန်းဒုံးကျည်တွေ ရုရှားကို ပေးပို့မှုဟာ ယူကရိန်းကို ဆင်နွှဲနေတဲ့ ရုရှားရဲ့ စစ်ပွဲကို အီရန်ရဲ့ ထောက်ခံမှု မြင့်တက်လာ တယ်ဆိုတာကို ဖော်ပြရာရောက်မှာဖြစ်ပြီး ယူကရိန်းပြည်သူတွေ ပိုမိုသေဆုံးစေတဲ့ အခြေအနေအထိ ရောက်ရှိလာစေ ပါလိမ့်မယ်”ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ရှောင်ဆက်ဗက်က ပြောကြားခဲ့သည်။

အီရန်နှင့် ရုရှားအကြား ထိုကဲ့သို့သော မိတ်ဖက်ဆက်ဆံမှုသည် ဥရောပ၏လုံခြုံရေးကို ခြိမ်းခြောက်ရာရောက်နေပြီး အရှေ့အ လယ်ပိုင်းဒေသနှင့် ကမ္ဘာတစ်ဝန်းတွင် အီရန်၏ တည်ငြိမ်မှုပျက်ပြားစေသည့် သြဇာလွှမ်းမိုးမှုကို ဖော်ပြရာရောက်နေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များက ရုရှား၏ ကာ့စ်ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိုဒေသ၏ နယ်မြေ ၅၀၀ စတုရန်းမိုင်ကို သိမ်းပိုက် ထားကာ ထိုဒေသတွင် ရုရှားက ယူကရိန်း၏ ထိုးစစ်ဆင်ကို ခုခံရန်ကြိုးပမ်းနေချိန်တွင် အမေရိကန်၏ တွေ့ရှိချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုအချိန်အတောအတွင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက ၎င်းနိုင်ငံ အားထောက်ပံ့ပေးထားသည့် အနောက်နိုင်ငံလုပ် ဒုံးကျည်များဖြင့် ရုရှား၏ နယ်နိမိတ်အတွင်းပိုင်းအား တိုက်ခိုက်ခွင့်နှင့် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သည့်နေ ရာများကို တိုက်ခိုက်ခွင့်ပြုရန် မဟာမိတ်နိုင်ငံများကို တိုက်တွန်းလျက်ရှိသည်။

အီရန်ကမူ ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို လက်နက်များ ထောက်ပံ့ပေးနေခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

စစ်ပွဲဖြစ်ပွားနေသည့် နိုင်ငံများကို စစ်ရေးအထောက်အပံ့များပေးခြင်းသည် အပစ်အခတ်ရပ်စဲရေးကို ဟန့်တားရာရောက်ပြီး အခြေခံအဆောက်အအုံများပျက်စီးခြင်း၊ လူသေဆုံးမှုများ မြင့်တက်ခြင်း အစရှိသည့် အခြေအနေများကို ဖြစ်စေနိုင်သည့်အတွက် စစ်ရေးအကူအညီထောက်ပံ့ခြင်းကို ရက်စက်သည့်လုပ်ရပ်အဖြစ် အီရန်က ယူဆထားကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်အထူးတာ ဝန်အဖွဲ့က ပြောကြားခဲ့သည်။

Ref:AP      

                                                         

Most Read

Most Recent