ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်တွင် မန်ယူတိုက်စစ်ကစားသမား အန်တိုနီကို ကမ်းလှမ်းရန် နယူးကာဆယ် စီစဉ်နေ

ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်တွင် မန်ယူတိုက်စစ်ကစားသမား အန်တိုနီကို ကမ်းလှမ်းရန် နယူးကာဆယ် စီစဉ်နေ
Photo: X
Photo: X
Published 9 September 2024

 

နယူးကာဆယ်အသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် မန်ယူတိုုက်စစ်ကစားသမား အန်တိုနီကို ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ 

နယူးကာဆယ်အသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ထိပ်တန်းကစားသမားခေါ်ယူမှု ပြုလုပ်နိုင်ခြင်းမရှိသည့်အတွက် မန်ယူအသင်း၌ ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသော အန်တိုနီကို ဇန်နဝါရီတွင် ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားသော အန်တိုနီ(၂၄ နှစ်)ကို မော်ရင်ဟိုကိုင်တွယ်နေသည့် ဖီနာဘာချီအသင်းကလည်း တူရကီလိဂ်၏ နွေရာသီစျေးကွက်မပိတ်မီ အငှားဖြင့်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။

အန်တိုနီသည် မန်ယူအသင်းတွင် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာပြီးလျှင် အသင်းသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအမြင့်မားဆုံးကစားသမားဖြစ်သော်လည်း ခြေစွမ်းမပြနိုင်သဖြင့် ပရိသတ်များ၏ ဝေဖန်ခံနေရသည့် ကစားသမားတစ်ဦးဖြစ်သည်။

အန်တိုနီသည် မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ၅၄ ပွဲတွင် သွင်းဂိုး ၅ ဂိုးသာ ရရှိထားပြီး ဂိုးဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ်ပေးနိုင်ခဲ့သည်။

Most Read

Most Recent