စျေးကွက်မတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှုအပြင် ဝယ်လိုအား သိသိသာသာကျဆင်းမှုကိုပါ ရင်ဆိုင်လာရသည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ

စျေးကွက်မတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှုအပြင် ဝယ်လိုအား သိသိသာသာကျဆင်းမှုကိုပါ ရင်ဆိုင်လာရသည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ
Published 8 September 2024

အာဆီယံထုတ်လုပ်ရေးကဏ္ဍ၏အခြေ အနေတွင် အသင့်အတင့် တိုးတက်ခြင်းကို နှစ်လယ်ပိုင်းမှ တတိယသုံးလပတ်တစ် လျှောက်တွင် မှတ်တမ်းတင်ခဲ့သည်။ S & P Global အာဆီယံထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း Purchasing Manager's Index (PMI) သည် ဇူလိုင်တွင် ၅၁ ဒသမ ၆ ရှိခဲ့ရာမှ သြဂုတ်တွင် လေးလ အတွင်း အနိမ့်ဆုံးဖြစ်သည့် ၅၁ ဒသမ ၁ သို့ ကျဆင်းခဲ့သည်။ မည်သို့ပင်ဖြစ်စေ အာဆီ ယံ ကုန်ထုတ်လုပ်သူများသည် ၎င်းတို့၏ ထုတ်လုပ်ရေးကဏ္ဍအခြေအနေကောင်းမွန် မှုတွင် တိုးတက်ခြင်းကို ရှစ်လဆက်တိုက်  အ ဖြစ် အစီရင်ခံခဲ့ကြကြောင်း ၂၀၂၄ ခုနှစ်  သြ ဂုတ်လအတွက် ထုတ်ပြန်သည့် S & P Global အာဆီယံထုတ်လုပ်မှု PMI  စစ်တမ်း တွင် ဖော်ပြထားသည်။

S & P Global အာဆီယံထုတ်လုပ်မှု PMI ကို S & P Global သည် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံများရှိ ထုတ်လုပ်သူစုစု ပေါင်း ၂၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေး သည့် မေးခွန်းလွှာများအတွက် ရရှိခဲ့သည့် ဖြေကြားချက်များကို အခြေခံတွက်ချက်ထား ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍတွင် မူ  ဝယ်လိုအား သိသိသာသာကျဆင်းပြီး အ မှာစာအသစ်များလည်း ကျဆင်းခဲ့ကာ ထုတ် လုပ်ရေးကဏ္ဍအတွက် လာမည့်နှစ်အပေါ် ရှုမြင်သုံးသပ်ချက်မှာ စစ်တမ်းသမိုင်းတစ် လျှောက် အဆိုးဆုံးဖြစ်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် သြဂုတ်လအတွက် ထုတ်ပြန်သည့် ထည့်ကုန် ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း Purchasing Manager's Index (PMI)  စစ်တမ်း၌ ဖော်ပြထားသည်။

S & P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာ များထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအ တွက် ရရှိသည့်ဖြေကြားချက်များကို အခြေ ခံပြီး တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရ သည်။           

မြန်မာနိုင်ငံအတွက် နောက်ဆုံးရ PMI ဒေတာတွင် သြဂုတ်လ၌ ထုတ်လုပ်ရေးကဏ္ဍ ယိုယွင်းမှုကို ပြသခဲ့ကြောင်း၊ ထုတ်လုပ်ရေး နှင့် အမှာစာအသစ်များသည် အရှိန်အဟုန် ကောင်းပြီး သိသာသောနှုန်းများဖြင့် ကျဆင်း ခဲ့ကြောင်း၊ ဝယ်ယူမှုကုန်ကျစရိတ်များသည် တစ်နှစ်အတွင်း အားအကောင်းဆုံးနှုန်းဖြင့် မြင့်တက်နေပြီး စျေးနှုန်းဖိအားများသည် လည်း သြဂုတ်လအတွင်း ပြင်းထန်ခဲ့ကြောင်း၊ ရလဒ်အနေဖြင့် လုပ်ငန်းများသည် ၎င်းင်းတို့၏အဖိုးအခများကို ပိုမိုအာ းကောင်းသော နှုန်း ဖြင့် တိုးမြှင့်ခဲ့ကြကြောင်း၊ ထို့ပြင် ထုတ်လုပ် ရေးအတွက် ၁၂ လစာ ရှုမြင်သုံးသပ်ချက် သည် စစ်တမ်းသမိုင်းတစ်လျှောက်တွင် အ ဆိုးမြင်မှုအရှိဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထား သည်။

ထုတ်လုပ်မှုစွမ်းဆောင်ရည်၏ ပေါင်း စပ်ထားသော တစ်ခုတည်းသောအညွှန်း ကိန်း- S & P Global မြန်မာထုတ်လုပ်မှုPMI သည် သြဂုတ်လတွင် နှစ်လဆက်တိုက်အ ဖြစ် အလယ်မှတ် ၅၀ ဒသမ ၀ အောက်တွင်ရှိ နေခဲ့ကြောင်း၊ ခေါင်းစီးအညွှန်းကိန်းသည် ၄၈ ဒသမ ၄ မှ ယခုနှစ်စတင်ချိန်မှစ၍ လက် ရှိအချိန်အထိ အနိမ့်ဆုံးအမှတ်ဖြစ် သော ၄၃ ဒသမ ၄ သို့ ကျဆင်းခဲ့သည်။ နောက်ဆုံးထုတ်ပြန်ချက်၌ မြန်မာနိုင်ငံ ၏ထုတ်လုပ်ရေးကဏ္ဍ အခြေအနေတွင် သိ သာသော ယိုယွင်းမှုတစ်ခုကိုပြသခဲ့သည်ဟု ဖော်ပြထားသည်။

          ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေဆိုး ရွားလာခြင်းအတွက် အဓိကအချက်မှာ အ မှာအသစ်များ ထိုးကျမှုကြောင့်ဖြစ်သည်ဟု   သိရသည်။ ကုန်ပစ္စည်းများအတွက် စျေးနှုန်း မြင့်တက်ခြင်းက ဖောက်သည်လုပ်ဆောင်မှု ကို လျော့ကျစေခဲ့ကြောင်း လုပ်ငန်းများက အသားပေးဖော်ပြခဲ့ကြသည်။ နိုင်ငံအတွင်း အကြမ်းဖက်မှုနှင့် ရေကြီးမှုတို့ကြောင့်လည်း ဝယ်လိုအားကျဆင်းမှုကို ဖြစ်စေခဲ့သည်ဟု ဆိုကြသည်။

ဝယ်လိုအားအလားအလာများ ယိုယွင်း မှုနှင့် ကုန်ပစ္စည်းပြတ်လပ်မှုများက ထုတ် လုပ်မှုအဆင့်များအပေါ် သက်ရောက်ခဲ့ပြီး သြဂုတ်လအတွင်း ပြင်းပြင်းထန်ထန်ကျဆင်း မှုတစ်ခုရှိခဲ့ကြောင်း ကုန်ထုတ်လုပ်သူများက မှတ်ချက်ပြုခဲ့ကြသည်။ တကယ်တမ်းတွင် လျော့ကျမှုနှုန်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လနောက်ပိုင်း အသိသာအထင်ရှားဆုံး ဖြစ်ခဲ့ သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ ကုန်ထုတ်လုပ်သူ တွေက စိန်ခေါ်မှုတွေ ပိုများလာနေတဲ့ပတ် ဝန်းကျင်တစ်ခုမှာ လုပ်ငန်းလည်ပတ်နေရ တာကို တွေ့လာရကြောင်း သြဂုတ်လဒေတာ မှာ ပြသခဲ့ပါတယ်။ ငွေကြေးစနစ်အားနည်း မှုကြောင့် အဓိကဖြစ်ပေါ်နေတဲ့ လုပ်ငန်း လည်ပတ်မှုကုန်ကျစရိတ်တွေ မြင့်တက်ခြင်း က ရောင်းစျေးတွေမှာ သိသိသာသာ မြင့်တက် မှုတစ်ခုကို ဖြစ်စေခဲ့ပါတယ်။ ဝယ်လိုအားတိုး လာအောင် မလုပ်နိုင်ခြင်းက ရှိနှင့်ပြီးဖြစ်ကာ လုပ်ငန်းတွေအနေနဲ့ ၎င်းင်းတို့ရဲ့စျေးနှုန်းပိုမို မြင့်မားတဲ့ ထုတ်ကုန်တွေကို ပြင်းထန်တဲ့ငွေ ကြေးဆိုင်ရာ အကန့်အသတ်တွေကြုံနေရ တဲ့ ဖောက်သည်တွေဆီ ရောင်းချနိုင်ဖို့ ရုန်း ကန်ခဲ့ရပါတယ်။ ထုတ်လုပ်ရေးက လပေါင်း ၂၀ အတွင်း အသိသာအထင်ရှားဆုံးနှုန်းနဲ့ ကျဆင်းခဲ့တာကြောင့် ဂယက်ရိုက်မှုက ထုတ် လုပ်ရေးမှာ ဆိုးရွားပြင်းထန်တဲ့ကျဆင်းမှုတစ်ခု ဖြစ်ခဲ့ပါတယ်” ဟု S & P Global Market Intelligence မှ စီးပွားရေး ပါရဂူ Maryam Baluch က ပြောကြားခဲ့သည်။

သြဂုတ်လတွင် ထုတ်လုပ်သူများသည် ၎င်းင်းတို့၏ ဝယ်ယူရေးလုပ်ဆောင်မှုကို အ လွန်အမင်းလျှော့ချခဲ့ကြကြောင်း လုပ်ငန်း လိုအပ်ချက်များ ကျဆင်းလာမှုက ပြသခဲ့ သည်။ ထည့်ကုန်ဝယ်ယူရေးတွင် ကျဆင်းမှု သည် အလုံးစုံအားဖြင့် သိသာခဲ့ပြီး ရှစ်လအ တွင်း အားအကောင်းဆုံးဖြစ်ခဲ့သည်။ ကုန် ပစ္စည်းပြတ်လပ်မှုများနှင့် ဝယ်ယူရသည့်စျေး နှုန်းများ ပိုမိုမြင့်မားမှုက ဝယ်ယူရေးလုပ် ဆောင်မှုကို အဟန့်အတားဖြစ်စေခဲ့ကြောင်း ကိုလည်း လုပ်ငန်းများက မှတ်ချက်ပြုခဲ့ကြ သည်။

ထည့်ကုန်ဝယ်ယူမှုများ ပြုလုပ်ခဲ့ရာ တွင် ထုတ်လုပ်ရေးကုမ္ပဏီများသည် ၎င်းင်းတို့ ကို အချိန်မီရရှိရန် ရုန်းကန်ခဲ့ကြရပြီး ဝယ်ယူ မှုများအတွက် ပျမ်းမျှပေးပို့ချိန်များသည် သြ ဂုတ်လတွင် သိသာစွာ ကြာရှည်ခဲ့သည်။ ကုန်ပစ္စည်း ပြတ်လပ်မှုများ၊ ပြည်တွင်းတိုက် ပွဲများနှင့် သွင်းကုန်လိုင်စင်များ ရရှိရန် ခက် ခဲမှုများက ထောက်ပံ့ရေးကွင်းဆက်များကို ပိုမို၍ဝန်ပိုစေခဲ့ကြောင်း ဆိုခဲ့ကြသည်။

          ထို့ပြင် အလုပ်ထွက်မှုအစီရင်ခံစာများ အများအပြားရှိခဲ့သည့်အလျောက် နောက် ဆုံးပြုလုပ်သော စစ်တမ်းကာလအတွင်း လုပ် ငန်းများသည် ၎င်းင်းတို့၏ ဝန်ထမ်းအဆင့်များ ကို ထိန်းထားရန် ရုန်းကန်ခဲ့ရသည်။ ဆက် လက်ဖြစ်ပွားနေဆဲ လက်နက်ကိုင်ပဋိပက္ခ နှင့် လုပ်ခလစာမလုံလောက်မှုများက အ လုပ်သမားများ ပြည်တွင်း၌ ရွှေ့ပြောင်းနေ ထိုင်ခြင်း သို့မဟုတ် ပြည်ပတွင် ပိုမိုကောင်း မွန်သော စီးပွားရေးအခွင့်အလမ်းများ ရှာဖွေ ခြင်းကို ဖြစ်စေကြောင်းလည်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။

          စျေးနှုန်းများကိုကြည့်လျှင် ငွေကြေး ဖောင်းပွမှုဆိုင်ရာဖိအားများသည် သြဂုတ် လတွင် ဆက်လက်ပြင်းထန်ခဲ့သည်။ အမေ ရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ကျပ်ငွေ တန်ဖိုးကျဆင်းမှုက ကုန်ကျစရိတ်များကို ဆိုးရွားစွာ ဖောင်းပွစေခဲ့သည့်အတွက် လုပ် ငန်းများသည် လုပ်ငန်းလည်ပတ်မှုကုန်ကျ စရိတ်များ မြင့်တက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ကုန်ပစ္စည်းပြတ်လပ်မှုများကလည်း လုပ် ငန်းလည်ပတ်မှု ကုန်ကျစရိတ်များကို မြင့် တက်စေကြောင်း ဆိုခဲ့ကြသည်။ ဝယ်စျေး ဖောင်းပွမှုနှုန်းသည် ၂၀၂၃ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် အားအကောင်းဆုံးဖြစ်ခဲ့ သည်။ ယင်းကြောင့် ကုန်ထုတ်လုပ်သူများ သည် ၎င်းင်းတို့၏အဖိုးအခများကို ပိုမိုသိသာ သောနှုန်းဖြင့် တိုးမြှင့်ခဲ့ကြသည်။

          မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကုန်   ထုတ်လုပ်မှုအပေါ် အဟန့်အတားဖြစ်စေ သည့် ပဋိပက္ခ ၊ မေခရိုစီးပွားရေး မတည်ငြိမ် မှုနှင့် နေရပ်ရွှေ့ပြောင်းရမှုတို့ကြောင့် စိန် ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရပြီး စီး ပွားရေးတိုးတက်မှုမှာ ဆက်လက်နှေးကွေး နေမည်ဟု ၂၀၂၄ ခုနှစ် ဇွန် ၁၂ ရက်က ထုတ် ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှုအစီရင်ခံစာအရ သိရ သည်။

          ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့် ကြည့်လေ့လာမှုအစီရင်ခံစာအရ မတ်လ ၂၀၂၅ နှစ်အထိ တစ်နှစ်တာကာလ ပြည် တွင်းထုတ်လုပ်မှုတန်ဖိုးသည် တစ်ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းသည်။ ယင်းမှာ ယခင်နှစ် က ခန့်မှန်းချက်များနှင့် ကိုက်ညီမှုရှိသော် လည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် ခန့်မှန်းခဲ့ သည့် နှစ်ရာခိုင်နှုန်းအောက် လျော့နည်းနေ သည်။ စီးပွားရေးထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်ကရှိခဲ့သည့် အနေအထားအောက်တွင် ကိုးရာခိုင်နှုန်း ဆက်လက်ရှိနေမည်ဟု ခန့် မှန်းထားပြီး ယင်းမှာ ဒေသတွင်းရှိ အခြား တိုင်းပြည်စီးပွားရေးများနှင့် နှိုင်းယှဉ်ကြည့် ပါက သိသာထင်ရှားသည့် ကွာဟချက်ဖြစ် သည်။ အဆိုအစီရင်ခံတွင် မြန်မာ့စီးပွားရေး နှင့် မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် စိန် ခေါ်မှုများစွာကို တင်ပြထားသည်။

          ငွေကြေးဖောင်းပွနှုန်းနှင့် အလုပ်လက် မဲ့နှုန်းများ ဆက်လက်မြင့်တက်နေဖွယ်ရှိ သည့်အတွက် ဆင်းရဲမှုအခြေအနေမှာ မြန် မာနိုင်ငံအနှံ့အပြားတွင် ဆိုးရွားနေမည် ဖြစ် သည်။ သွင်းကုန်များ ပြတ်လတ်မှု၊ လုပ်သား စျေးကွက် မတည်ငြိမ်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကလည်း ကုန်ထုတ်လုပ် ရေး လုပ်ငန်းများအား အတားအဆီး ဖြစ်စေ သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

          “ဒါ့အပြင် ထုတ်လုပ်သူများအကြားမှာ အဆိုးမြင်မှုက ပျံ့နှံ့နေပြီး သက်ဆိုင်ရာအ နာဂတ်ထုတ်လုပ်ရေးအညွှန်းကိန်းက မှတ် တမ်းတစ်လျှောက် အနိမ့်ဆုံးအထိ ရောက် ရှိခဲ့တာကြောင့် သြဂုတ်လမှာ သဘောထား အပေါ် ဆိုးရွားပြင်းထန်တဲ့သက်ရောက်မှု တစ်ခုရှိခဲ့ပါတယ်။ ဒါကြောင့် ဒေတာက မြန် မာနိုင်ငံရဲ့ရှေ့လျှောက် ထုတ်လုပ်ရေးကဏ္ဍ အတွက် စမ်းသပ်လမ်းကြောင်းတစ်ခုကို ပြ သပါတယ်” ဟု စီးပွားရေးပါရဂူ  Maryam Baluch က ပြောကြားခဲ့သည်။

          နောက်ဆုံးပြုလုပ်သော စစ်တမ်းကာ လအတွင်း နောက်ထပ်စိုးရိမ်ဖွယ်ရာ ဖြစ် ပေါ်လာမှုတစ်ခုမှာ မြန်မာနိုင်ငံ၏ ထုတ် လုပ်ရေးကဏ္ဍတစ်ဝန်းတွင် အဆိုးမြင်မှု ပိုမို များပြားလာခြင်းဖြစ်ခဲ့သည်။ နိုင်ငံရေးနှင့် စျေးကွက်မတည်ငြိမ်မှုအပေါ် စိုးရိမ်ပူပန်မှု များက လာမည့်နှစ်အတွက် ကြိုတင်ခန့်မှန်း မှုများကို ဆိုးရွားစွာ ထိခိုက်စေခဲ့ကာ လုပ် ငန်းများသည် မှတ်တမ်းတစ်လျှောက်တွင် လှုပ်ရှားတက်<ကမှုမရှိဆုံးဖြစ်ခဲ့ကြောင်း အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent