အညာဒေသ မိုးခေါင်မှုနှင့် တောင်သူများ

အညာဒေသ မိုးခေါင်မှုနှင့် တောင်သူများ
Published 11 August 2024

 

 

အညာကျေးလက်ဒေသ တောင်ယာလုပ်ငန်းခွင်အချို့ကို ယခင်နှစ်များက တွေ့ရစဉ်

 

          အညာမှာ သြဂုတ်လသာ ရောက်ရှိလာ ပေမဲ့ မိုးလယ်ကာလရဲ့ မိုးကတော့ ဝေ၀ါးနေ ဆဲပါ။ မိုးရွာရက်က လက်ချိုးလို့ ရေတွက်ရင် ကို လက်တစ်ဖက် မပြည့်သေး။ ပဲတီစိမ်းဆွတ် ကာလက မကြာခင်မှာ ကုန်ဆုံးတော့မှာဖြစ် ပေမဲ့ တောင်သူများ ပဲလောက်လောက်လား လား မရသေးပါ။ စိုက်ထားသမျှရဲ့ စိုက်စရိတ် ပင် မကျေကြသေးပါ။ နောက်ရက်များ မိုးရွာ ရင်တော့ တောင်သူများ စိုက်စရိတ်ကျေဖို့ မျှော်လင့်နိုင်မှာပါ။

          ပြီးခဲ့တဲ့ ဇူလိုင်လကုန်လောက်ကစပြီး ပခုက္ကူသီးနှံစျေးကွက်ထဲကို ပဲတီစိမ်းအသစ် တွေ စတင်ဝင်ရောက်လာပါတယ်။ ကုန်ဝင်က တော့ အရင်နှစ်တွေထက် ပိုနည်းတယ်လို့ သိရပြီး စျေးကွက်ပေါက်စျေးနှုန်းကတော့ အမြင့်ဘက်မှာ ရှိပါတယ်။ ၂၀၂၃ ခုနှစ် စျေး ကွက်အစမှာ ပဲတီစိမ်းတစ်တင်း ကျပ်ခြောက် သောင်းကျော် ပေါက်စျေးရှိခဲ့ပြီး ၂၀၂၄ ခုနှစ် စျေးကွက်အစမှာတော့ တစ်တင်း ကျပ်ခုနစ် သောင်းကျော် ပေါက်စျေးရှိခဲ့ပါတယ်။

          “ဒီနှစ်အနေအထားကတော့ ပဲဝင်များဖို့ မလွယ်ပါဘူး။ မိုးမကောင်းတော့ စိုက်သမျှ အထွက်မကောင်းဘူး။ တချို့ရွာတွေမှာ စိုက် နိုင်တဲ့အနေအထား မရှိဘူး။ စျေးကွက်အနေ နဲ့ မဆိုးဘူးပြောရမယ်။ အဝယ်လည်း ရှိတယ်။ ပဲဝင်ဖို့ပဲ လိုတာ” လို့ ပခုက္ကူမြို့က သီးနှံရောင်း ဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

          ယခုနှစ်ရဲ့ စိုက်ပျိုးစရိတ်ဟာ အညာ တောင်သူတို့အတွက်မလွယ်ကူလှပါဘူး။ မျိုး စေ့၊ မြေဆီမြေသြဇာစျေးနှုန်းတွေဟာ တစ် နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာလို့ စိုက် စရိတ်လည်း ကြီးပါတယ်။ စိုက်ထားသမျှ ပြန် မရိတ်ရရင် အရှုံးကြီးမယ့် အနေအထားမျိုး ပါ။ ယခင် တစ်အိတ်ကို ကျပ်နှစ်သောင်းကျော် ရှိတဲ့ ပုလဲမြေဆီက ယခု ကျပ်တစ်သိန်းအထက် အတော်ကို ရောက်နေပါပြီ။ နွားနဲ့ ထွန်ယက် ရင် ကုန်ကျစရိတ် မရှိနိုင်ပေမဲ့ စက်အားနဲ့ ထွန်မယ်ဆိုရင် တစ်ဂါလန် ကျပ်တစ်သောင်းခွဲ။ ယခင်လုပ်သားခ တစ်မနက် သုံးထောင်၊ ယခု လုပ်သားခ ကျပ်ခုနစ်ထောင်လောက်မှမရရင် လိုက်မယ့်သူ မရှိပါဘူး။

          “ပဲတီစိမ်းက ပုံမှန်ဆိုရင် ဇူလိုင်လဆန်း ပိုင်းလောက်ကတည်း ဆွတ်နိုင်ရမှာ။ မိုးမ ကောင်းတော့ ပဲဆွတ်နောက်ကျတယ်။ အရင် နှစ်တွေက ခုလိုအချိန်ဆို တောင်သူက ၁၅ တင်းလောက်တော့ရနေပြီ။ ဒီနှစ်က ၁၀ တင်း ကို မပြည့်ချင်သေးဘူး။ ထပ်ဆွတ်ဖို့လည်း မလွယ်သေးဘူး။ နောက်တစ်ပတ် ၁၀ ရက်နေ လို့မှ အသီးမရနိုင်ဘူးဆိုရင် အခင်းကို မြေထိုး ရမှာ။ မိုးနှောင်းနှမ်းကြီးစိုက်ဖို့ ထည်ရေးဝင်ရ တော့မယ်” လို့ ပခုက္ကူမြို့နယ်မှ တောင်သူတစ် ဦးက ပြောပါတယ်။

          မိုးဦးသီးနှံ ပဲတီစိမ်း အဆင်မပြေမှုအ ခြေအနေဟာ နောက်စိုက်ပျိုးမယ့် နှမ်းကြီး အပေါ် သက်ရောက်မှု အများကြီး ရှိပါတယ်။ နှမ်းကြီးဟာ အင်မတန်စိုက်စရိတ်များတဲ့ သီး နှံပါ။ မြေဆီများများသုံးနိုင်ပါမှ ဖြစ်ထွန်းမှု အားကောင်းတာပါ။ ပဲတီစိမ်း စိုက်စရိတ်အရှုံး ကြောင့် တောင်သူများ ငွေကြေးရှာဖွေမှုတော့ လုပ်ရဦးမှာပါ။

          မိုးဦးကာလတွေမှာ တောင်သူများ စိုက် ပျိုးသီးနှံဟာ ကွဲပြားကြပါတယ်။ တချို့တောင် သူများက မြေပဲစိုက်ပျိုးပြီး တချို့က နှမ်းညို၊ နှမ်းဝါကို စိုက်ပျိုးကြပါတယ်။ မြေပဲတွေက တော့ မဖော်ရသေးပါဘူး။ စျေးကွက်ထဲမှာ မြေပဲအသစ်မပေါ်သေးလို့ မြေပဲအဆန် (အ ဟောင်း ) တစ်ပိဿာ ကျပ် ၁၀၀၀၀ အထိ ပေါက်စျေးရှိပြီး မြေပဲဆုံဆီ တစ်ပိဿာ ကျပ် ၂၀၀၀၀ အထိ ဖြစ်သွားပါတယ်။ မြေပဲစိုက်ပျိုး ထားတဲ့ တောင်သူတွေအတွက် မျှော်လင့်ချက် ကြီးမှာ အသေအချာပါ။

          မြိုင်မြို့နယ်၊ ပုလဲမြို့နယ်တွေက တောင် သူတွေ မိုးဦးကာလမှာ စိုက်ပျိုးထားတဲ့ နှမ်းညို နဲ့ နှမ်းဝါတွေ ယခု သြဂုတ်လဆန်းပိုင်းကစပြီး ပခုက္ကူသီးနှံစျေးကွက်ထဲ ရောက်ရှိလာပါ တယ်။ ပေါ်စဖြစ်တာကြောင့် ကုန်ဝင်နည်း သေးပြီး စျေးနှုန်းကတော့ အမြင့်ဘက်မှာရှိ ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်စျေးကွက်အစမှာ နှမ်းညို၊ နှမ်းဝါ တစ်တင်း ကျပ် ၁၀၇၀၀၀ ဝန်းကျင်ပေါက်စျေး ရှိခဲ့ပေမဲ့ ယခုနှစ်မှာတော့ နှမ်းညို၊ နှမ်းဝါ တစ်တင်း ကျပ် ၁၂၀၀၀၀ ပေါက်စျေးရှိပါတယ်။ ကုန်ဝင်နည်းပါးပြီး ဝယ်လိုအားရှိလို့ ရက်ပိုင်းအတွင်း တစ်တင်း ကို ကျပ် ၅၀၀၀ လောက် ထပ်တက်လာပါ တယ်။

          “ဒီရက်ပိုင်းမှာ နှမ်းစဝင်ပါတယ်။ ဟို အရင်လိုတော့ ကုန်ဝင်က မှန်းဖို့မလွယ်ဘူး။ လာရောင်းတဲ့ တောင်သူက လမ်းကြောင်းရှင်း တဲ့ဆီ သွားရောင်းနေကြတာ။ စျေးမြင့်တယ် ဆိုပေမဲ့ ကျန်ကုန်စည်တွေလည်း တက်နေ တာလေ။ ဝယ်လက်ကတော့ ပုံမှန်ပဲ။ ငွေစျေး ကြောင့်လည်း စျေးမြင့်တာပါ” လို့ သီးနှံရောင်း ဝယ်သူတစ်ဦးက ပြောပါတယ်။

          နှမ်းစျေးကောင်းပေမဲ့ မိုးမကောင်းလို့ အထွက်နှုန်းလျော့တယ်လို့ တောင်သူတွေက ပြောပြပါတယ်။ မိုးဦးကာလတုန်းက မိုးအ ထိုက်အလျောက်ရပေမဲ့ နောက်ပိုင်း မိုးဝေးပါ တယ်။ တစ်ဧက လေးတင်းကနေ ရှစ်တင်း အထိ ထွက်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ အများဆုံးမှ လေးတင်းလောက်ပဲရတယ်လို့ ပြောပါတယ်။ အများစုကတော့ သုံးတင်းလောက်ပဲ ရကြပါ တယ်။ စိုက်စရိတ်နဲ့ တွက်ကြည့်ရင် အရင်းရဖို့ မလွယ်ပါဘူးလို့ တောင်သူတွေက ပြောပါ တယ်။

          “နှမ်းက အထွက်သိပ်မကောင်းဘူး။ မိုး အရနည်းတော့ မြေဆီထည့်လည်း အထွက်မ ကောင်းဘူး။ လမ်းပိုင်းကလည်း ပခုက္ကူဘက် ရှင်းရင် ပခုက္ကူရောင်းတယ်။ မုံရွာဘက် လမ်း ရှင်းရင် မုံရွာဘက် သွားရောင်းတယ်။ တောင် သူအလုပ်ကတော့ မိုးကောင်းရင် အဆင်ပြေ မယ်။ မိုးခေါင်ရင် အဆင်မပြေဘူး” လို့ မြိုင် မြို့နယ် အရှေ့ပိုင်းမှ တောင်သူတစ်ဦးက ပြောပြပါတယ်။

          လက်ရှိမှာ နှမ်းစျေးကောင်းတယ်ဆိုပေမဲ့ အခြားကုန်ပစ္စည်းစျေးတွေလည်း မြင့်တက် နေလို့ တောင်သူအတွက် ဘာမှထူးခြားမသွား ဘူးလို့ ဆိုပါတယ်။ ယခင် နှမ်းတစ်တင်း ကျပ် သုံးသောင်းဝန်းကျင်ကလည်း ဆန်တစ်အိတ် စျေးကလည်း သုံးသောင်းဝန်းကျင်ပါပဲ။ ယခု လည်း နှမ်းတစ်တင်း ၁၂၀၀၀၀ ဖြစ်ချိန်မှာ ဆန်တစ်အိတ်ကလည်း တစ်သိန်းကျော်မှ စားဖြစ်တဲ့ အခြေအနေပါ။ နှမ်းရောင်းပြီး အခြားကုန်စည်ပြန်ဝယ်တဲ့အခါ ဘာမှထူးခြား မသွားပါဘူး။ တောင်သူလုပ်ငန်း မကောင်း တော့ မြို့ပေါ်တွေမှာ အရောင်းအဝယ်က ခပ်အေးအေးပါ။

          တောင်သူလုပ်ငန်းဆိုတာ မိုးကို အမှီပြု ရလို့ စိုက်ပျိုးရာသီတစ်ခုလုံး အဆင်ပြေတယ် ဆိုတာ ရှားပါတယ်။ တချို့နှစ်တွေ မိုးဦး ကောင်းလို့ မိုးဦးကာလစိုက်တဲ့ သီးနှံများ အကျိုးအမြတ်ရှိပေမဲ့ မိုးနှောင်းမှာ မိုးမ ကောင်းလို့ နှမ်းမရတာ၊ မြေပဲ အရနည်းတာ တွေ ကြုံရတတ်ပါတယ်။ ဒီနှစ်တော့ မိုးဦးမ ကောင်းပါဘူး။ မိုးဦးသီးနှံလည်း မဖြစ်ထွန်းပါ ဘူး။  မိုးနှောင်းကောင်းရင်တော့ တောင်သူ များ အဆင်ပြေကြမှာပါ။ ရန်ကုန်မှာရွာတဲ့မိုး အညာကို အလည်လာရင်တော့ တောင်သူ တွေ ပျော်ကြမှာ သေချာပါတယ်။

 

 

Most Read

Most Recent