■ ခရစ်ယာန်၊ အစ္စလာမ် နှင့် ဟိန္ဒူဘာသာသုံးခုမှ တာဝန်ရှိသူသုံးဦးကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များအဖြစ် ဖြည့်စွက်ခန့်အပ်

■ ခရစ်ယာန်၊ အစ္စလာမ် နှင့် ဟိန္ဒူဘာသာသုံးခုမှ တာဝန်ရှိသူသုံးဦးကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များအဖြစ် ဖြည့်စွက်ခန့်အပ်
Published 8 September 2024

ခရစ်ယာန်၊ အစ္စလာမ်  နှင့် ဟိန္ဒူဘာသာသုံးခုမှ တာဝန်ရှိသူသုံးဦးကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များအဖြစ် ဖြည့်စွက်ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ စိန်မေရီကက်သလစ်ဘုရားကျောင်း ဂေါပကအဖွဲ့ဝင် ဦးဝင်းလှိုင်ဦး (ခ) ကုန်ဇမှုန်း၊ ပိန္နဲကုန်းဂျာမေဗလီ ဂေါပကအဖွဲ့ဝင် ဦးသန်းဝင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္နူဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတင်ကိုကိုတို့ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များအဖြစ် ဖြည့်စွက်ခန့်ထားလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နစကက ခန့်အပ်ထားသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်ကို ကျန်းမာရေးကြောင့် ၂၀၂၃ ခုနှစ် ဩဂုတ်၂ ရက်တွင် တာဝန်မှ အနားယူခွင့်ပေးခဲ့ပြီး လက်ရှိတွင် ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးပေါ်လွင်စိန်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ အဖွဲ့ဝင်များအဖြစ် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်၊ ဒေါ်နုနုယဉ်၊ ဒေါက်တာတင်မောင်မောင်သန်း၊ ဒေါက်တာမြင့်သူမြိုင်၊ ဦးတင်အောင်၊ ဦးကျော်မြင့်တို့က တာဝန်ယူထားကာ အဖွဲ့ဝင် သုံးဦးကို ထပ်မံဖြည့်စွက်ခန့်အပ်ခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၅ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။

 

Most Read

Most Recent