■ Ballon d'Or အတွက် ဆန်ခါတင်စာရင်းတွင် လာလီဂါကစားသမား (၁၁) ဦးဖြင့် အများဆုံးပါဝင်လာခြင်းကို စပိန်မီဒီယာများ ချီးကျူး     

■ Ballon d'Or အတွက် ဆန်ခါတင်စာရင်းတွင် လာလီဂါကစားသမား (၁၁) ဦးဖြင့် အများဆုံးပါဝင်လာခြင်းကို စပိန်မီဒီယာများ ချီးကျူး     
Photo: You Tube
Photo: You Tube
Published 6 September 2024

စပိန်မီဒီယာများသည် ၂၀၂၄ ခု နှစ် Ballon d'Or ဆုအတွက် ဆန်ခါ တင်ကစားသမားစာရင်း ထုတ်ပြန်ခဲ့ရာတွင် စပိန်လာလီဂါမှ ကစားသမား (၁၁) ဦးအထိ ပါဝင်လာပြီး အများဆုံးလိဂ်ပြိုင်ပွဲအဖြစ် ရပ်တည်ခဲ့ခြင်းအပေါ် ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

    

ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် စပိန်လက်ရွေးစင်အသင်းက ဗိုလ်စွဲခဲ့သလို၊ ပြီးခဲ့သည့် ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိ်ုင်ပွဲတွင်လည်း စပိန်ကလပ်အသင်း တစ်သင်းပင်ဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းက ဗိုလ်စွဲခဲ့သည်။ 

ယင်းအတွက်ကြောင့် ယခုနှစ်အတွက် Ballon d'Or ဆန်ခါတင်စာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းက ကလပ်အသင်းများထဲတွင် ကစားသမားအရေအတွက် အများဆုံးအဖြစ် ကစားသမား (၇) ဦးဖြင့် ပါဝင်လာခဲ့ပြီး လာလီဂါပြိုင်ပွဲအနေဖြင့်လည်း (၁၁) ဦးအထိ ပါဝင်လာခဲ့ခြင်း ဖြစ်သည်။ 

    

လာလီဂါပြိုင်ပွဲ၏ အနီးကပ်ဆုံး ပြိုင်ဘက်အသင်းအဖြစ် ပရီးမီးယားလိဂ်က ကစားသမား (၁၀) ဦးအထိ ပါဝင်ခဲ့ပြီး မန်စီးတီးအသင်းနှင့် အာဆင်နယ်အသင်းတို့မှ (၄) ဦးစီ၊ ချယ်လ်ဆီးအသင်းမှာ ကိုးလ်ပါမာနှင့် ဗီလာအသင်းမှာ ဂိုးသမား မာတီနက်ဇ်တို့ ဖြစ်သည်။ 

ပီးခဲ့သည့်ရာသီကမူ ပရီးမီးယားလိဂ်က ကစားသမား (၁၃) ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး လာလီဂါပြိုင်ပွဲကမူ ကစားသမား (၈) ဦးဖြင့် ဒုတိယအများဆုံး ဖြစ်ခဲ့သည်။ 

Most Read

Most Recent