■ လူတိုင်းကျေနပ်အောင် မိမိ လုပ်ပေးနိုင်ခြင်းမရှိဟု ဘာပေ ပြောကြား    

■ လူတိုင်းကျေနပ်အောင် မိမိ လုပ်ပေးနိုင်ခြင်းမရှိဟု ဘာပေ ပြောကြား    
Photo: Sky Sports
Photo: Sky Sports
Published 6 September 2024

ရီးယဲလ်အသင်း၏ တိုက်စစ်မှူး ဘာပေက မိမိအနေဖြင့် လူတိုင်းကျေနပ်အောင် လုပ်ပေးနိုင်ခြင်းမရှိဟု ပြောကြားခဲ့သည်။

ဘာပေသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် PSG အသင်းနှင့် လမ်းခွဲကာ ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

၎င်းသည် ရီး ယဲလ်အသင်း၏ ရာသီအဖွင့် လာလီဂါပွဲစဉ်(၃) ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ စတုတ္ထမြောက်ပွဲစဉ်မှသာ ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ 

ထို့ကြောင့် ၎င်းက မိမိအနေဖြင့် ဝေဖန်မှုများကို ဂရုမစိုက်ကြောင်းနှင့် လူတိုင်းကျေနပ်အောင် လုပ်ပေးနိုင်ခြင်းမရှိဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

"ဘာလို့ ဝေဖန်နေကြတာလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါကို ဂရုလည်း မစိုက်ပါဘူး။ ကျွန်တော်တို့အနေနဲ့ လူတိုင်း ကျေနပ် အောင် မလုပ်ပေးနိုင်ပါဘူး။ ရီးယဲလ်အသင်းက ကျွန်တော့်ရဲ့ အချိန်ကာလတွေက အရမ်းကောင်းမွန်လာပါတယ်။ ကျွန်တော် အရမ်းလည်း ပျော်ရွှင်ပါတယ်။ ကျွန်တော်တို့ ဖလားတစ်လုံးလည်း ရရှိခဲ့ပြီးပါပြီ။ အရာအားလုံးက ကောင်းမွန်နေပါတယ်"ဟု ဘာပေက ပြောကြားခဲ့သည်။ 

ဘာပေသည် ရီးယဲလ်အသင်းအတွက် လာလီဂါတွင် (၂)ဂိုးသာ သွင်းယူထားနိုင်သေးသော်လည်း လာလီဂါဂိုးသွင်းဘုရင်ဆု ရရှိရန် ရေပန်းအစားဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရသည်။

Most Read

Most Recent