ယူရို-၂၀၂၄ ပြိုင်ပွဲတွင် နာကျင်ခဲ့ရသော်လည်း ပြင်သစ် - အီတလီပွဲမှာ ခေတ်သစ်တစ်ခု၏အစ ဖြစ်လာလိမ့်မည်ဟု အီတလီနည်းပြ စပယ်လက်တီ ပြောကြား

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် နာကျင်ခဲ့ရသော်လည်း ပြင်သစ် - အီတလီပွဲမှာ ခေတ်သစ်တစ်ခု၏အစ ဖြစ်လာလိမ့်မည်ဟု အီတလီနည်းပြ စပယ်လက်တီ ပြောကြား
Photo: Football-Italia
Photo: Football-Italia
Published 6 September 2024

အီတလီနည်းပြ စပယ်လက်တီက ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် နာကျင်ခဲ့ရသော်လည်း ပြင်သစ် - အီတလီပွဲမှာ ခေတ်သစ်တစ်ခု၏အစ ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

စပယ်လက်တီ(၆၅)နှစ်သည် ၂၀၂၂-၂၃ ရာသီတွင် နာပိုလီအသင်းကို စီးရီးအေချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ၂၀၂၃ စက်တင်ဘာတွင် အီတလီလက်ရွေးစင်အသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့သည်။

၎င်းသည် အီတလီအသင်းကို ယူရို-၂၀၂၄ ပြိုင်ပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း ရှုံးထွက်(၁၆)သင်းအဆင့်၌ ဆွစ်ဇာလန်အသင်းကို (၀-၂)ဂိုး ဖြင့်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် ၎င်းက ယင်းပြိုင်ပွဲတွင် နာကျင်ခဲ့ရကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။

အီတလီအသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲအပြီး ပထမဆုံးပြိုင်ပွဲအဖြစ် Nations League ပြိုင်ပွဲကို ဆင်နွှဲသွားရမည်ဖြစ်ပြီး စက်တင်ဘာလအတွင်း ပြင်သစ်၊ အစ္စရေးတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အီတလီအသင်းသည် Nations Leagu ပြိုင်ပွဲ၏ League A တွင် Group 2 ၌ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ အစ္စရေးတို့နှင့်အတူ ကျရောက်နေခြင်းဖြစ်ပြီး စက်တင်ဘာ(၆) ရက် (ယနေ့)တွင် ပြင်သစ်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ထို့ကြောင့် စပယ်လက်တီက ယင်းပွဲမှာ ခေတ်သစ်တစ်ခု၏အစ ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဘာတွေဖြစ်ခဲ့သလဲ၊ ဘာကြောင့်ဖြစ်ခဲ့သလဲဆိုတာ နားလည်ရင် ကွဲပြားခြားနားတာတွေ ဖြစ်လာမှာပါ။ လက်ရှိအချိန်မှာ ကစားသမားတွေကလည်း လေးလေးနက်နက်ရှိလာကြပါပြီ။ ကျွန်တော်တို့ အနာဂတ်ကို ကြည့်ဖို့ပဲ လိုအပ်ပါတယ်။ ဒါဟာ ခေတ်သစ်တစ်ခုဖြစ်ပြီး အခုကစပြီး ကျွန်တော်တို့ မှတ်တမ်းအသစ်ကို ရေးသားသွားရမှာပါ''ဟု စပယ်လက်တီက ပြောကြားခဲ့သည်။

အီတလီအသင်းခေါင်းဆောင် ဂိုးသမား ဒွန်နာရမ်မာကလည်း မိမိတို့အနေဖြင့် ယူရို-၂၀၂၄ ပြိုင်ပွဲမှ သင်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် စပယ်လက်တီမှာလည်း ပိုမိုတည်ငြိမ်လာပြီဟု သုံးသပ်ခဲ့သည်။

Most Read

Most Recent