၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်တတိယအဆင့်ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်

၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်တတိယအဆင့်ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်
Photo: Xinhua
Photo: Xinhua
Published 5 September 2024

အီရန် နှင့် ကာဂျစ္စတန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၃၀ နာရီ)

ဒီနှစ်သင်းအကြားမှာ ခြေစွမ်းကွာဟချက်က အတော်လေးကြီးမားပါတယ်။ အီရန်အသင်း (၃)ဂိုးပြတ်လောက်တော့ နိုင်လိမ့်မယ်။

ကာတာ နှင့် ယူအေအီး (မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၃၀ နာရီ)

ကာတာအသင်းက အာရှဖလားချန်ပီယံဆုကို (၂)ကြိမ်ဆက်ရယူပြီး ဒေသတွင်းမှာ အဆင့်တစ်ခုကို ရောက်ရှိလာပါပြီ။ ယူအေအီးကတော့ ကာတာထက်နိမ့်တဲ့အနေအထား ရောက်နေတယ်။ ကာတာ ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။

တောင်ကိုရီးယား နှင့် ပါလက်စတိုင်း (မြန်မာစံတော်ချိန် ကြာသပတေးညနေ ၅း၃၀ နာရီ)

တောင်ကိုရီးယားအသင်းအဖို့ ဒီအုပ်စုမှာ အခက်အခဲမရှိပါဘူး။ ဒါပေမဲ့ စောစောစီးစီး ခြေစစ်ပွဲအောင်လက်မှတ် အရယူဖို့ အားထုတ်မှာ သေချာပါတယ်။ တောင်ကိုရီးယားအသင်း အနိမ့်ဆုံး (၂)ဂိုးလောက်ပြတ်မယ်။

သြစတြေးလျ နှင့် ဘာရိန်း (မြန်မာစံတော်ချိန် ကြာသပတေးညန ၄း၄၀ နာရီ)

ဘာရိန်းအသင်း တစ်ချိန်က အမြင့်ဆုံးရောက်ခဲ့တဲ့ အနေအထားကို ပြန်ရဖို့ အတော်လေးအလှမ်းကွာနေသေးတယ်။  သြစတြေးလျအဖို့ အမှားခံလို့မရတဲ့ အုပ်စုဖြစ်နေလို့ အနိုင်ကစားမှာသေချာတယ်။

ဂျပန် နှင့် တရုတ် (မြန်မာစံတော်ချိန် ကြာသပတေးညနေ ၅းဝ၅ နာရီ)

ဂျပန်အသင်းအနေနဲ့ အာရှဇုန်ခြေစစ်ပွဲ တတိယအဆင့် အုပ်စု(G)မှာ သြစတြေးလျ၊ ဆော်ဒီအာရေဗျတို့လို ပြိုင်ဘက်ကောင်းအသင်းတွေ ပါဝင်နေလို့ ဂရုတစိုက်ကစားဖို့တော့ လိုပါတယ်။ ဂျပန်အသင်းနောက်တန်းမှာ တော်မီယာဆု၊ အီတို၊ ဟာရှီအိုကာတို့လို ကစားသမားတွေကိုတော့ မရွေးချယ်ထားဘူး။ ဒါပေမဲ့ ဂျပန်အသင်းကွင်းလယ်နဲ့ တိုက်စစ်က တောင့်တင်းပါတယ်။ တရုတ်အသင်းတိုက်စစ်မှာ ဘရာဇီးလ်ဖွား ကစားသမားတချို့ကို ရွေးချယ်ထားပေမဲ့ ဂျပန်အသင်းနဲ့ယှဉ်ရင်တော့ အဆင့်အတန်းချင်း အတော်ကွာပါတယ်။ လက်ရှိ တရုတ်ရဲ့ ခြေစွမ်းက အာဆီယံထိပ်သီးအသင်းတချို့နဲ့ မတိမ်းမယိမ်းအနေအထားကို ရောက်နေပြီး ဂျပန်အသင်းကို အဝေးကွင်းမှာ အပြန်အလှန်ကစားနိုင်ဖို့လည်း မရှိပါဘူး။ ဂျပန်အသင်း ဂိုးပြတ်မယ်ထင်တယ်။

ဆော်ဒီအာရေဗျ နှင့် အင်ဒိုနီးရှား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၃၀ နာရီ)

အာရှဖလားပြိုင်ပွဲမှာ မျှော်လင့်သလောက် မအောင်မြင်ခဲ့လို့ နည်းပြ မန်ချီနီအဖို့ ဖိအားရှိနေတယ်။ အင်ဒိုနီးရှားက အခုအဆင့်ထိ တက်လာတာကိုပဲ ကျေနပ်ရမှာပါ။ ဆော်ဒီအာရေဗျဘက်ကပဲ ရပ်တည်ချင်တယ်။

Most Read

Most Recent