သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံဘက်မှ မြန်မာဘက်အခြမ်းသို့ အင်တာနက်နှင့် လျှပ်စစ်ခိုးသွယ်တန်းရန် ကြိုးစားနေသည့် ထိုင်းအမျိုးသားတစ်ဦး ဖမ်းမိ

သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံဘက်မှ မြန်မာဘက်အခြမ်းသို့ အင်တာနက်နှင့် လျှပ်စစ်ခိုးသွယ်တန်းရန် ကြိုးစားနေသည့် ထိုင်းအမျိုးသားတစ်ဦး ဖမ်းမိ
Published 4 September 2024

သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံဘက်မှ မြန်မာဘက်အခြမ်းသို့ အင်တာနက်နှင့် လျှပ်စစ်ခိုးသွယ်ရန် ကြိုးစားနေသည့် ထိုင်းအမျိုးသားတစ်ဦး ဖမ်းမိခဲ့သည်ဟု The Nation သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ သောင်ရင်းမြစ်ကိုဖြတ်၍ မြန်မာဘက်ခြမ်းရှိ ခေါ်ဆိုရေးစင်တာတစ်ခုသို့ အင်တာနက်နှင့် လျှပ်စစ်ချိတ်ဆက်ရန် ကြိုးစားနေသည့် ထိုင်းအမျိုးသားတစ်ဦးကို တနင်္ဂနွေနေ့က ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်ဟု သတင်းတွင် ဖော်ပြထားသည်။

လျှပ်စစ်နှင့် အင်တာနက်ခိုးယူသွယ်တန်းရန် ကြိုးစားနေသည့် ထိုင်းလူမျိုးမှာ အသက် ၃၀ အရွယ် Jongrak Leela ဆိုသူဖြစ်ပြီး ၄င်းကို ထိုင်းတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်းကင်းလှည့်ကာ သောင်ရင်းမြစ်အနီး မဲဆောက်ခရိုင် ကီးမိုင်းကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာ၌ ဖိုက်ဘာကေဘယ်ကြိုးများ၊ ဝိုင်ယာကြိုးနှင့် အခြားကိရိယာများကို တွေ့ရှိခဲ့ပြီး ရေတွင်အသုံးပြုနိုင်သည့် ရော့ကတ်တစ်ခုလည်းပါဝင်ကြောင်း၊ ယင်းရော့ကတ်ကို တဖက်ကမ်းသို့ လှမ်းချိတ်ရန် ပစ်ခတ်ရာ၌ အသုံးပြုနိုင်သည်ဟု ယူဆရကြောင်း၊ ဖမ်းဆီးရမိသူကို မဲဆောက်ရဲစခန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးမှုမျာ ပြုလုပ်နေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။

ထိုင်းအာဏာပိုင်များမှာ ကမ္ဘောဒီးယားနှင့် မြန်မာ နယ်စပ်များတွင် အခြေပြုလှုပ်ရှားနေသည့် call-centre ဂိုဏ်းများကို နှိမ်နင်းလျက်ရှိသည်။ ထိုင်း- မြနမာနယ်စပ်ရှိ နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ရွှေကုက္ကိုမြို့အား ပြီးခဲ့သည့် မေလမှ စတင်ပြီး အင်တာနက်ချိတ်ဆက်မှုနှင့် ဖုန်းလိုင်းများကို ထိုင်းအစိုးရဘက်က ဖြတ်တောက်ထားသည်ဟု The Nation သတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent