မြန်မာ-တရုတ်နယ်စပ်ရှိ EAO နယ်မြေအချို့တွင် လက်နက်စက်ရုံများ တည်ထောင်နိုင်ရန်အတွက် ငွေကြေးနှင့် နည်းပညာ အင်အားများကို မည်သည်နေရာမှ ထောက်ပံ့နေသည်ကို ဆန်းစစ်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

မြန်မာ-တရုတ်နယ်စပ်ရှိ EAO နယ်မြေအချို့တွင် လက်နက်စက်ရုံများ တည်ထောင်နိုင်ရန်အတွက် ငွေကြေးနှင့် နည်းပညာ အင်အားများကို မည်သည်နေရာမှ ထောက်ပံ့နေသည်ကို ဆန်းစစ်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 5 August 2024

မြန်မာ-တရုတ်နယ်စပ်ရှိ EAO နယ်မြေအချို့တွင် လက်နက်စက်ရုံများ တည်ထောင်နိုင်ရန်အတွက် ငွေကြေးနှင့် နည်းပညာ အင်အားများကို မည်သည်နေရာမှ ထောက်ပံ့နေသည်ကို ဆန်းစစ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ (သြဂုတ် ၅ ရက်) တွင် နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာအခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ EAO နယ်မြေအချို့မှာ လက်နက်ခဲယမ်းမီးကေျာက်စက်ရုံများ တည်ထောင်ထားပြီး လက်နက်များ၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေတာကိုလည်း သိရှိရပါတယ်။ အဲ့ဒီ လက်နက်စက်ရုံတွေက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို PDF အမည်ခံ အကြမ်းဖက်သမားတွေနဲ့ အခြား EAO အဖွဲ့တွေကို ထောက်ပံ့တာတွေ၊ ရောင်းချတာတွေ ပြုလုပ်နေတာကိုလည်း တွေ့ရှိရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိတဲ့ လက်နက်တွေ၊ ခဲယမ်းအများစုဟာလည်း အဲ့ဒီစက်ရုံများက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းများ ဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ ဒီလို လက်နက်ခဲယမ်းမီးကေျာက်စက်ရုံတွေ တည်ထောင်နိုင်ဖို့ဆိုတာ သာမန်အခြေအနေနဲ့ မရနိုင်ပါဘူး။ ငွေကြေးအင်အားနဲ့ နည်းပညာ အင်အားများ များစွာလိုအပ်တာ ဖြစ်တာကြောင့် ဒီစက်ရုံတွေ လည်ပတ်ဖို့ ငွေကြေးနဲ့ နည်းပညာအင်အား ဘယ်နေရာက ရရှိတာလဲဆိုတာကိုလည်း ဆန်းစစ်သွားရမှလည်း ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနှင့် မြန်မာနိုင်ငံအပေါ်တွင် ၎င်းတို့လိုချင်သည့် လက္ခဏာမျိုး ရရှိေစလိုသည့် ပြည်ပနိုင်ငံအချို့သည် လက်နက်ကိုင်သောင်းကျန်းသူများ၊ နိုင်ငံရေးသဘောထား ကွဲလွဲသူများက အကြမ်းဖက်လမ်းစဉ် ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများကို ငွေကြေးရရှိအောင်၊ အစားအသောက် ရရှိအောင်၊ ဆေးဝါး ရရှိအောင်၊ လက်နက်ခဲယမ်း မီးကေျာက် ရရှိအောင်၊ နည်းပညာများ ရရှိအောင်၊ အုပ်ချုပ်ထောက်ပံ့မှု အခွင့်အလမ်းများ ရရှိအောင် လုပ်ဆောင်လျက်ရှိပြီး မီဒီယာများကိုလည်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်ရန် ကူညီပေးလျက် ရှိသည်ကိုလည်း တွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့များ ကိုင်ဆောင်နေတဲ့ လက်နက်များဟာဆိုရင်လည်း ထိုင်း-မြန်မာ နယ်စပ် မေှာင်ခိုလမ်းကြောင်းကနေ တင်သွင်းလာတဲ့ လက်နက်များပဲ ဖြစ်ပါတယ်။ EAO အဖွဲ့တွေနဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေ ကိုင်ဆောင်နေတဲ့ ဆက်သွယ်ရေးစက်တွေ၊ Drone တွေ၊ လက်နက်ခဲယမ်းတွေဟာ အဆိုပါ အရင်းအမြစ်တွေက ရရှိတာပဲ ဖြစ်ပါတယ်။ MNDAA ၊ TNLA အကြမ်းဖက်သောင်းကျန်းသူများနဲ့ ဆက်စပ်အဖွဲ့တွေ သုံးနေတဲ့ Drop Bomb တွေ၊ ရေှာ့တိုက်ဒုံးတွေဟာ နည်းပညာအရ အဆင့်မြှင့်တင် ပြင်ဆင်ထားတဲ့ ပစ္စည်းများ ဖြစ်ကြောင်းလည်း တွေ့ရှိရ ပါတယ်။ သူတို့ သုံးစွဲနေတဲ့ ဒရုန်းတွေဟာ ပြည်ပစျေးကွက်မှာ ဝယ်ယူရရှိနိုင်ပေမယ့် ဒါတွေကို ပြင်ပကြေးစား နည်းပညာရှင်များနဲ့ ပူးပေါင်းပြီး နည်းပညာအရ အဆင့်မြှင့်တင်ထားတာတွေ၊ တိုက်ပွဲမှာ ပိုမိုအသုံးဝင်အောင် ပြုပြင်ထားတာတွေကိုလည်း တွေ့ရှိရပါတယ်”ဟု ပြောကြားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနှင့် အဆိုပါသောင်းကျန်းသူများကို တိုက်ခိုက်သည့်အချိန်တွင် အရပ်သား ပြည်သူများ မထိခိုက်စေရန် ချမှတ်ထားသည့် ကာကွယ်ခုခံပိုင်ခွင့်အတွက် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ၊ အကြမ်းဖက်သောင်းကျန်းမှုနှိမ်နှင်းရေးဆိုင်ရာ တည်ငြိမ်မှုစစ်ဆင်ရေးအတွက် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများနှင့်အညီ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့အပြင် လက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းနှင့်မဖြေရှင်းဘဲ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဖြေရှင်းနေမှုများကို လုံးဝ လက်ခံ၍မရခြင်းကြောင့် ဘုံရန်သူအဖြစ်သတ်မှတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကိုသာမက နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိသည်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့(သြဂုတ် ၅ ရက်)တွင် နိုင်ငံတော်၏လုံခြုံရေးဆိုင်ရာအခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့  လက်ရှိနေရာများရဲ့ လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေတဲ့ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးစဉ်းစားပြီး ဆုတ်ခွာ ခဲ့ရတာလည်းရှိပါတယ်။ ဒါကို MNDAA၊ TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့တွေနဲ့ နောက်ကွယ်ကနေ အားပေးအားမြှောက်ပြုနေတဲ့ ပြည်တွင်းပြည်ပကလောက်ကောင်တွေနဲ့ချိတ်ဆက်ပြီး သူတို့ကိုခိုင်းစေတဲ့ နိုင်ငံများရဲ့အလိုကျ မြန်မာပြည်သူလူထု စိတ်မချမ်းမသာဖြစ်အောင် အင်အားလျော့လာအောင် ဝါဒဖြန့်ချီတာတွေ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖြေရှင်းနေမှုတွေကို ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်း တစ်ခုအနေနဲ့ လုံးဝလက်ခံလို့မရတာကြောင့် ဘုံရန်သူအဖြစ်သတ်မှတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ ကိုသာမဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိတဲ့အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်နေပြီး တစ်နိုင်ငံလုံး၏ နယ်စပ်ဒေသ ကုန်သွယ်ရေး အဓိကဆောင်ရွက်ရာဒေသလည်း ဖြစ်ပါပြီး တစ်ဖက်နိုင်ငံနှင့် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိခြင်းကြောင့် ဒေသခံပြည်သူများသည် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများရှိခဲ့သော်လည်း သောင်းကျန်းသူများ၏ တိုက်ပွဲဖော်ဆောင်မှုများကြောင့် လူမှုစီးပွားဘဝများ၊ ကလေးသူငယ်များ၏ ပညာရေးများ၊ လူငယ်လူရွယ်များ၏ အနာဂတ်ဘဝများသည် မည်သို့သောအိပ်မက်မှ မက်ခွင့်မရတော့ဘဲ စိတ်သုဉ်းရတော့မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးအားလုံး အတူတကွ စုစည်းပြီး နေထိုင်ကြတဲ့နိုင်ငံဖြစ်ပြီး တောတောင်ရေမြေကစပြီး လုပ်ကိုင်နေကြတဲ့ စီးပွားရေး အခြေအနေများအထိ ခွဲခြားလို့ မရတာကိုလည်း တွေ့ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံသားတိုင်းဟာ မြန်မာနိုင်ငံအတွင်းမှာ မည်သည့်ချုပ်ခြယ်ကန့်သတ်မှုမျိုးမှ မပါဘဲ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်၊ လွတ်လပ်စွာ ကုန်စည်ကူးသန်းရောင်းဝယ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ သောင်းကျန်းသူအဖွဲ့တွေ ကြီးစိုးလာတာနဲ့အမျှ ဒီအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေဟာ အလိုလို ဆုံးရှုံးလျက် ရှိပါတယ်။ ဒီလို လူမျိုးနှီးနွယ်တူညီမှု၊ ဘာသာစကား နှီးနွယ်တူညီမှု၊ ရာဇဝင် အစဉ်အလာ၊ ယဉ်ကျေးမှု အစဉ်အလာတို့နဲ့ အညီအညွတ်ရှိမှုတွေကို မထောက်ထားဘဲ သမိုင်းမှာမရှိခဲ့ဖူးတဲ့ ဒီလိုဆိုးရွားတဲ့ လူမျိုးစွဲဝါဒနဲ့ လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုနဲ့ လုပ်ရပ်မျိုးကို လုံးဝလက်ခံမှာလည်း မဟုတ်ပါဘူး” ဟု ပြောကြားသည်။

သောင်းကျန်းသူခေါင်းဆောင်များ၏ စစ်ဘုရင်ဝါဒ ပြန်လည်ကြီးစိုးလာမှုနှင့်အတူ အဆိုပါဒေသခံများသည် ယခင်က စစ်ဘုရင်ဝါဒ ကြီးစိုးခဲ့သည့် ဒေသများကဲ့သို့ ဥပဒေမဲ့ အနိုင်ကျင့်ခံရမှုများ၊ တရားမဲ့ သတ်ဖြတ်ခံရမှုများ၊ မှန်ကန်သည့် စီးပွားရေးလုပ်ငန်းများနေရာတွင် မူးယစ်းဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများ၊ ပြောင်းနှင့်ကြံအစား ဘိန်းစိုက်မျိုးရမှုများ၊ လူငယ်များသည်လည်း စာအုပ်နှင့်ဘောပင်အစား လက်နက်များကိုင်ရင်းနှင့် ပြန်လည်ရှင်သန်ကြရတော့မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

 

Most Read

Most Recent