အင်းလေးကန်တွင် နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး ရေတက်နေပြီး ဖောင်တော်ဦးဘုရားရင်ပြင်တော်အထိ ရေတက်နေ

အင်းလေးကန်တွင် နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး ရေတက်နေပြီး ဖောင်တော်ဦးဘုရားရင်ပြင်တော်အထိ ရေတက်နေ
ဖောင်တော်ဦးဘုရားရင်ပြင်တော်အထိ ရေတက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)
ဖောင်တော်ဦးဘုရားရင်ပြင်တော်အထိ ရေတက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)
Published 3 September 2024

ရှမ်းပြည်နယ် (တောင်ပိုင်း)ညောင်ရွှေ မြို့နယ် အင်းလေးကန်တွင် နှစ်ပေါင်းများစွာ အတွင်း မကြုံစဖူးရေတက်နေပြီး ဖောင်တော် ဦးဘုရားရင်ပြင်တော်အထိ ရေတက်နေ ကြောင်း အင်းလေးဒေသခံများထံမှ စက်တင် ဘာ ၃ ရက်တွင် သိရသည်။

အင်းလေးကန်တွင် နှစ်များစွာအတွင်း အများဆုံးဟုဆိုနိုင်သော ရေတက်ခြင်း ကြုံ နေရပြီး ဖောင်တော်ဦးဘုရားရင်ပြင်တော် အထိ ရေတက်နေသည်ကို မြင်တွေ့ရကြောင်း၊ စက်တင်ဘာ ၃ ရက်အထိ ရေတက်နေကြောင်း အင်းလေးဒေသခံတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

“အရင်တုန်းက တစ်ခါကြုံဖူးတယ်။ ၂၀၀၂ တုန်းက ရေတက်တာ ဒီထက်ပိုများတယ်။ ဒီ ထက်ကို နှစ်ပေခွဲလောက် ပိုမြင့်သေးတယ်။ အခု ရေမတက်တာတော့ ဆယ်စုနှစ်များစွာ ကြာနေပြီလို့ ပြောလို့ရတာပေါ့။ အခု မိုးမရွာ တာ ဒီနေ့ပါဆို နှစ်ရက်ရှိပြီ။ နောက်ရက်တွေ မိုးရွာရင်တော့ အင်းလေးကန်ရေ တက်နေဦး မှာပဲ။ အရင်ရက်တွေက မနားတမ်းမိုးရွာတော့ ချောင်းတွေ မြောင်းတွေ အားလုံးက ရေတွေ ပြည့်နေပြီး အင်းလေးကန်ထဲ စီးဝင်နေတာဆို တော့ ရေတက်နေဦးမှာပါပဲ။ မိုးတွေ ရွာတော့ ခရမ်းချဉ်သီးပင်တွေ ပျက်ကုန်တာရှိတယ်” ဟု မိုင်းသောက်ဒေသခံတစ်ဦးက ပြောကြား သည်။

          ၂၀၂၄ ခုနှစ်တွင် မိုးများသဖြင့် အင်းလေး ကန် တွင် ရေတက်ခြင်း ကြုံတွေ့နေပြီး ဆယ် စုနှစ်များစွာအတွင်း ရေများခြင်းဖြစ်ကြောင်း သိရသည်။

          စက်တင်ဘာ ၁ ရက်တွင် ဖောင်တော်ဦး ဘုရားရင်ပြင်ပေါ်သို့ ရေရောက်ခဲ့ခြင်းဖြစ် ကြောင်း၊ ၁၉၉၂ ခုနှစ် စံချိန်တင် အမြင့်ဆုံးရေ အမှတ် ရောက်ဖို့ တစ်ပေခန့်သာလိုကြောင်း၊ ၂၀၀၆ ခုနှစ်တွင်လည်း ဘုရားကုန်းတော် ရေ မြုပ်ဖူးကြောင်း ဒေသခံတစ်ဦးက ပြောကြား သည်။

          အင်းလေးဖောင်တော်ဦး ဘုရားရင်ပြင် ပေါ်အထိ ရေတက်နေသဖြင့် စျေးသည်များ အခက်အခဲကြုံတွေ့ခြင်း ရှိကြောင်း ၊ ဘုရားဖူး နည်းပါးသောကာလဖြစ်သဖြင့် အခက်အခဲ အကျပ်အတည်းကြုံရကြောင်း ဒေသခံတစ်ဦး က ဆိုသည်။

          အင်းလေးကန်တွင် ရေတက်ခြင်းကြောင့် လှေမရှိသူများ သွားရေးလာရေးခက်ခဲခြင်း နှင့် မိုးများခြင်းကြောင့် စိုက်ပျိုးရေးလုပ်ကိုင် သည့် တောင်သူများ သီးနှံစိုက်ခင်းများ ပျက် စီးခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရ ကြောင်း သိရသည်။

          ထို့ပြင် ယခုနှစ်တွင်လည်း အင်းလေး ကန်ဖောင်တော်ဦးမြတ်စွာဘုရားများ ဒေသ စာရီပွဲတော် ပြန်လည်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ အင်းလေးကန် ဖောင်တော်ဦး မြတ်စွာဘုရားများ ဒေသစာရီကြွ ချီအပူဇော် ခံမည့်အစီအစဉ်ကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent