ဘရာဇီးတရားရုံးချုပ်က နိုင်ငံအတွင်း X လူမှုကွန်ရက် တားမြစ်ခြင်းကို အတည်ပြု

ဘရာဇီးတရားရုံးချုပ်က နိုင်ငံအတွင်း X လူမှုကွန်ရက် တားမြစ်ခြင်းကို အတည်ပြု
Published 3 September 2024

         ဘီလျံနာ အီလွန်မတ်စ်ပိုင်ဆိုင်သည့် X ဆိုရှယ်မီဒီယာပလက်ဖောင်း အသုံးပြုခွင့် တားမြစ်မည့်အစီအစဉ်ကို ဘရာဇီးတရားရုံးချုပ် တရားသူကြီးအဖွဲ့က အတည်ပြုလိုက်ပြီ ဖြစ်သည်။

X လူမှုကွန်ရက်ကို ဘရာဇီးတွင် တားမြစ်ရန် အစပိုင်းတွင် တရားရုံးချုပ်တရားသူကြီး အလက်ဇန်းဒါး ဒီမိုရေးစ်က ဆုံးဖြတ်ထားပြီး ယခုမူ တရားသူကြီးအဖွဲ့ဝင်အများစု က လက်ခံသဘောတူလိုက်ခြင်းဖြစ်သည်။ 

တရားရုံးချုပ်ကချမှတ်သည့် ဆုံးဖြတ်ချက်များ ကို မလိုက်နာမချင်း ၊  ဒဏ်ငွေများမပေးဆောင် မချင်း ဘရာဇီးနိုင်ငံတဝန်း၌  တွစ်တာခေါ် X ပလက်ဖောင်းကို အမြန်ဆုံးပိတ်ပင်ရန် သြဂုတ် ၃၀ ရက်တွင် ဒီမိုရေးစ်က အမိန့်ချခဲ့ သည်။

X သည် အမုန်းစကားများပျံ့နှံ့မှုနှင့် သတင်းတု၊ သတင်းအမှားများ ပျံ့နှံ့ခြင်းတို့ တွင် လုံလောက်သည့်တားဆီးမှုများ မလုပ်ဆောင်ဟု ဒီမိုရေးစ်ကပြောကြားကာ ၊ အီလွန် မတ်စ်ကလည်း ဒီမိုရေးစ်ကို အာဏာရှင်ဟု  ပြန်ခေါ်ဝေါ်ခဲ့သည်။

မဟုတ်မမှန်သတင်းများ ဖြန့်ဝေသည့် လက်ယာယိမ်းတက်ကြွလှုပ်ရှား သူများ၏ အကောင့်များကိုပိတ်ရန် ဒီမိုရေးစ် က X သို့တောင်းဆိုခဲ့ခြင်းမှာ တရားမဝင်ဟု လည်း မတ်စ်ကတုံ့ပြန်ခဲ့သည်။

ထို့ပြင်ဒဏ်ငွေ လည်းမဆောင်နိုင်ဟု ပြောသည်။မတ်စ်က ဘရာဇီးရှိ X ကုမ္ပဏီရုံးကို သြဂုတ်လလယ် ကတည်းက ပိတ်ခိုင်းထားသည်။

Ref: AFP

 

 

Most Read

Most Recent