အိုဆင်မန်ကို အယ်လ်ဟီလာအသင်း လစာနှုန်းထားတိုးမြှင့်ကမ်းလှမ်း

အိုဆင်မန်ကို အယ်လ်ဟီလာအသင်း လစာနှုန်းထားတိုးမြှင့်ကမ်းလှမ်း
Photo: X
Photo: X
Published 30 August 2024

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်ကို  လစာနှုန်းထား တိုးမြှင့်ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

အိုဆင်မန်(၂၅ နှစ်)သည် ယခုနွေရာသီတွင် နာပိုလီအသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေသူဖြစ်ပြီး ၎င်းအနေဖြင့် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် ပိုမိုဆန္ဒရှိခဲ့သော်လည်း ယခုအခါ ဆော်ဒီသို့ ရောက်ရှိရန် အလွန်နီးစပ်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အယ်လ်ဟီလာအသင်းသည် အိုဆင်မန်ကို (၄)နှစ်စာချုပ်အတွက် ယူရိုသန်း(၁၆၀) ပေးအပ်မည်ဟု ကမ်းလှမ်းခဲ့သည့်အတွက် ကစားသမားအနေဖြင့် ငြင်းဆန်နိုင်ဖွယ်မရှိတော့ကြောင်း ဥရောပမီဒီယာများစွာက ဖော်ပြခဲ့သည်။

သို့သော် အယ်လ်ဟီလာအသင်းသည် နာပိုလီအသင်းထံ ပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)ဝန်းကျင်ဖြင့်သာ ကမ်းလှမ်းခဲ့သည့်အတွက် အပြောင်းအရွှေ့ဖြစ်မြောက်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရဖွယ်ရှိနေကြောင်း သိရသည်။

နာပိုလီအသင်းသည် အိုဆင်မန်ကို ယူရိုသန်း(၁၃၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားခြင်းကြောင့် အယ်လ်ဟီလာအသင်း၏ ကမ်းလှမ်းမှုနှင့် များစွာကွာဟနေခြင်းဖြစ်သည်။

သို့ရာတွင် အယ်လ်ဟီလာအသင်းက ပြောင်းရွှေ့ကြေးကိုလည်း  တိုးမြှင့်ကမ်းလှမ်းဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent