လီဗာပူးလ်နှင့် ကစားမည့်ပွဲတွင် ဇက်ဇီအား ပွဲထွက်အဖြစ် အသုံးပြုရန် တန်ဟက်ဂ်ကို မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာ တိုက်တွန်း

လီဗာပူးလ်နှင့် ကစားမည့်ပွဲတွင် ဇက်ဇီအား ပွဲထွက်အဖြစ် အသုံးပြုရန် တန်ဟက်ဂ်ကို မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာ တိုက်တွန်း
Photo: Goal.com
Photo: Goal.com
Published 29 August 2024

 

မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက အခါးသီးဆုံးပြိုင်ဘက် လီဗာပူးလ်အသင်းနှင့် ကစားမည့်ပရီးမီးယားလိဂ်ပွဲစဉ်တွင် တိုက်စစ်မှူး ဇက်ဇီအား ပွဲထွက်ကစားသမားအဖြစ် အသုံးပြုရန် နည်းပြတန်ဟက်ဂ်ကို တိုက်တွန်းပြောကြားခဲ့သည်။ 

ဇက်ဇီသည် ယခုနွေတွင် ဘိုလော့ဂ်နာအသင်းမှ မန်ယူအသင်းထံသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် (၂) ပွဲစလုံးတွင် လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့သည်။ ဇက်ဇီသည် ဖူလ်ဟမ်အား (၁-၀)ဂိုး ဖြင့် အနိုင်ရသည့်ပွဲတွင် အသင်းအတွက် တစ်လုံးတည်းသောဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဘရိုက်တန်အသင်းအား (၁-၂) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သည်။ 

ထို့ကြောင့် ဆာဟာက စက်တင်ဘာလ (၁) ရက်(တနင်္ဂနွေနေ့)တွင် လီဗာပူးလ်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ဇက်ဇီအား ပွဲထွက်ကစားသမားအဖြစ် ကစားစေရန် အလိုရှိနေခြင်းဖြစ်သည်။ 

ဆာဟာက "လီဗာပူးလ်နဲ့ပွဲမှာ ဇက်ဇီ ပွဲထွက်ကစားတာကို မြင်ချင်ပါတယ်။ သူက စိတ်ဝင်စားစရာကောင်းတဲ့ ကစားသမားဖြစ်ပြီး နေရာမှန်မှာ အမြဲရှိနေသူပါ။ ကျွန်တော်ကတော့ ဇက်ဇီ ပိုပြီးတိုးတက်လာဖို့အတွက် သူ့ကို ပွဲကစားခွင့် ပိုပေးသင့်တယ်လို့ ထင်ပါတယ်။ မေဆန်မောင့်က ပြေးလွှားကစားနေပေမဲ့ မလုံလောက်ပါဘူး။ ကွင်းလယ်တိုက်စစ်ကစားသမားရဲ့တာဝန်က ပြိုင်ဘက်ကို Press လုပ်ဖို့ မဟုတ်ပါဘူး။ ဂိုးသွင်းဖို့ပါ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent