စက်တင်ဘာနိုင်ငံတကာရက်သတ္တပတ်တွင် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲမကစားသဖြင့် MNL ပြိုင်ပွဲ ပထမအကျော့ပွဲများ ရှေ့တိုးကျင်းပမည်

စက်တင်ဘာနိုင်ငံတကာရက်သတ္တပတ်တွင် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲမကစားသဖြင့် MNL ပြိုင်ပွဲ ပထမအကျော့ပွဲများ ရှေ့တိုးကျင်းပမည်
Photo: MNL
Photo: MNL
Published 31 August 2024

 

စက်တင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲ မကစားသဖြင့် ယခုရာသီ MNL ပြိုင်ပွဲ ပထမအကျော့ လက်ကျန်ပွဲစဉ်များကို ရှေ့တိုးကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်သည် ပထမအကျော့ပွဲစဉ်များ ရေးဆွဲရာတွင် မြန်မာ့လက်ရွေးစင်အသင်း စက်တင်ဘာနိုင်ငံတကာရက်သတ္တပတ်တွင် ခြေစမ်းပွဲကစားနိုင်ရန် နှစ်ပတ်ကြာ ပြိုင်ပွဲရပ်နားထားသော်လည်း ယခုအခါ မကစားသဖြင့် MNL ကလပ်အသင်း တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ လက်ကျန်ပွဲစဉ် သုံးခုကို ရှေ့တိုးကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။  

မြန်မာနေရှင်နယ်လိဂ်က အသစ်ထုတ်ပြန် လိုက်သည့် ပထမအကျော့ပွဲစဉ်များအရ ပွဲစဉ် (၉) ကို စက်တင်ဘာ ၆ ရက်မှ ၉ ရက်၊ ပွဲစဉ် (၁၀) ကို စက်တင်ဘာ ၁၃ ရက်မှ ၁၆ ရက်၊ ပွဲစဉ် (၁၁) ကို စက်တင်ဘာ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။ 

ပွဲစဉ် (၉) အဖြစ် စက်တင်ဘာ ၆ ရက်တွင် YUSC ကွင်း၌ ရတနာပုံနှင့် အား/ကာသိပ္ပံ၊ စက်တင်ဘာ ၇ ရက်တွင် သုဝဏ္ဏကွင်း၌ မဟာယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်၊ စက်တင်ဘာ ၈ ရက်တွင် ပုသိမ်ကွင်း၌ ဧရာဝတီနှင့် ရှမ်းယူနိုက်တက်၊ သုဝဏ္ဏကွင်း၌ Dagon Port နှင့် ရန်ကုန်၊ စက်တင်ဘာ ၉ ရက်တွင် သုဝဏ္ဏကွင်း၌ သစ္စာအားမာန်နှင့် မြဝတီ၊ YUSC ကွင်း၌ ရခိုုင်နှင့် ဒဂုံစတား၊ ပွဲစဉ် (၁၀) အဖြစ် စက်တင်ဘာ ၁၃ ရက်တွင် YUSC  ကွင်း၌ Dagon Port  နှင့် ရတနာပုံ၊ သုဝဏ္ဏကွင်း၌ မဟာနှင့် ရှမ်းယူနိုက်တက်၊ စက်တင်ဘာ ၁၄ ရက်တွင် သုဝဏ္ဏကွင်း၌ သစ္စာအားမာန်နှင့် အား/ကာသိပ္ပံ၊ YUSC ကွင်း၌ ရန်ကုန်နှင့် ဒဂုံစတား၊ စက်တင်ဘာ ၁၅ ရက်တွင် သုဝဏ္ဏကွင်း၌ ရခိုင်နှင့် ဧရာဝတီ၊ စက်တင်ဘာ ၁၆ ရက်တွင် YUSC ကွင်း၌  မြဝတီနှင့် ဟံသာဝတီ၊ ပွဲစဉ် (၁၁) အဖြစ် စက်တင်ဘာ ၂၀ ရက်တွင် YUSC ကွင်း၌ မဟာနှင့် ဧရာဝတီ၊ သုဝဏ္ဏကွင်း၌ ရတနာပုံနှင့် ရှမ်းယူနိုက်တက်၊ စက်တင်ဘာ ၂၁ ရက်တွင် သုဝဏ္ဏကွင်း၌ မြဝတီနှင့် ဒဂုံ စတား၊ စက်တင်ဘာ ၂၂ ရက်တွင် သုဝဏ္ဏ ကွင်း၌ Dagon Port  နှင့် အား/ကာသိပ္ပံ၊ စက်တင်ဘာ ၂၃ ရက်တွင် သုဝဏ္ဏကွင်း၌ သစ္စာအားမာန်နှင့် ရန်ကုန်၊ YUSC ကွင်း၌ ရခိုင်နှင့် ဟံသာဝတီ ကစားမည်ဖြစ်သည်။

Most Read

Most Recent