စပိန်လာလီဂါပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 28 August 2024

ဘီလ်ဘာအို - ဗလင်စီယာ (ဗုဒ္ဓဟူးည ၁၁း၃၀ နာရီ)

ရာသီအစ ဗလင်စီယာရဲ့ ခြေစွမ်းက အားရစရာမရှိသေး ဘူး။ ခံစစ်အားနည်းနေသေးပြီး အဝေးကွင်းပွဲစဉ်တွေဆိုပိုအား နည်းတတ်တယ်။ အဝေးကွင်းနောက်ဆုံးပွဲမှာလည်း ဆယ်လ်တာ ဗီဂိုကို (၁-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ ဒီလိုပုံစံမျိုးနဲ့တော့ ဘီလ်ဘာအို ကွင်းမှာ ဗလင်စီယာအသင်း ရလဒ်ကောင်းရယူနိုင်ဖို့ မဖြစ်နိုင် သေးဘူး။ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲ ကောင်းမယ်။

ဗယ်လာဒိုလစ် - လီဟာနက်စ် (ဗုဒ္ဓဟူးည ၁၁း၃၀ နာရီ)

ဗယ်လာဒိုလစ်က ရာသီအစမှာပဲ တန်းအတူတက်လာတဲ့ ဆီဂန်ဒါပြိုင်ဘက်ဟောင်းတွေနဲ့ ရင်ဆိုင်နေရတယ်။ အိမ်ကွင်း အဖွင့်ပွဲမှာလည်း အက်စ်ပန်ညိုကို အနိုင်ကစားနိုင်ခဲ့တယ်။ ဒါ ပေမဲ့ အခုပွဲကတော့ ဗယ်လာဒိုလစ်အတွက် ခက်ခဲမှာပါ။ လီဟာ နက်စ်အရဲ့ အဝေးကွင်းကစားပုံက အက်စ်ပန်ညိုထက်ပိုကောင်း တယ်။ သရေကျဖို့များတယ်။ ဂိုးနည်းနိုင်ပါတယ်။

ဆိုစီဒက် - အလာဗတ်စ် (ကြာသပတေးနံနက် ၂း၀၀ နာရီ)

လီနော်မန်၊ မော်ရီနိုတို့လို အမာခံကစားသမားတွေကို ဆုံးရှုံးခဲ့ရတဲ့ ဆိုစီဒက်က ပြန်တည်ဆောက်ရသလို ဖြစ်နေတယ်။ ဒါပေမဲ့ နောက်ဆုံးပွဲမှာတော့ နိုင်ပွဲပြန်ရခဲ့တယ်။ အလာဗတ်စ် ကလည်း အဝေးကွင်းကစားပုံမဆိုးပါဘူး။ ဆိုစီဒက်က ပိုကောင်း တဲ့အသင်းဖြစ်ပေမဲ့ သရေကျသွားနိုင်တယ်။ ဂိုးနည်းနိုင်တယ်။

အက်သလက်တီကို - အက်စ်ပန်ညို (ကြာသပတေးနံနက် ၂း၀၀ နာရီ)

အက်စ်ပန်ညိုက အက်သလက်တီကိုအသင်းနဲ့တွေ့ဆုံ တိုင်း အခက်တွေ့အောင် ရင်ဆိုင်ကစားတတ်တယ်။ ဒါပေမဲ့ ဒီတစ်ပွဲတော့ တန်းပြန်တက်လာတဲ့ အက်စ်ပန်ညိုရဲ့ အင်အား နဲ့ ခြေစွမ်းက အက်သလက်တီကိုအသင်းနဲ့ ယှဉ်ရင် ကွာဟမှုကြီး မားပါတယ်။ အဝေးကွင်းပွဲစဉ်တွေဆိုရင်လည်း အက်စ်ပန်ညို ကစားပုံအားနည်းလေ့ရှိတယ်။ ဒါကြောင့် အိမ်ကွင်းမှာ တိုက်စစ် ပိုဖွင့်ပြီး ဂိုးတွေလည်းပိုသွင်းတတ်တဲ့ အက်သလက်တီကိုကို အက်စ်ပန်ညို ဒုက္ခပေးဖို့မလွယ်ပါဘူး။ အက်သလက်တီကိုနဲ့ ဂိုးအများကိုပဲ ကြိုက်တယ်။