ဂျာနယ်လစ်များ သေဆုံးနေသည့်အတွက် အစ္စရေးနှင့် သဘောတူစာချုပ်ကို ရပ်ဆိုင်းထားရန်နှင့် အစ္စရေးကို ပိတ်ဆို့မှုများချမှတ်ရန် သတင်းမီဒီယာနှင့် လူ့အခွင့်အရေးအဖွဲ့ ၆၀ ခန့်က ဥရောပသမဂ္ဂကို ဆော်သြ

ဂျာနယ်လစ်များ သေဆုံးနေသည့်အတွက် အစ္စရေးနှင့် သဘောတူစာချုပ်ကို ရပ်ဆိုင်းထားရန်နှင့် အစ္စရေးကို ပိတ်ဆို့မှုများချမှတ်ရန် သတင်းမီဒီယာနှင့် လူ့အခွင့်အရေးအဖွဲ့ ၆၀ ခန့်က ဥရောပသမဂ္ဂကို ဆော်သြ
ဂါဇာကို အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် ဂျာနယ်လစ် အစ္စမေးလ်အယ်လ်ဂိုးလ် (အယ်လ်ဂျာဇီးယား)၏စျာပနကို လိုက်လံပိုဆောင်သူများအား ဇူလိုင် ၃၁ ရက်တွင် တွေ့ရစဉ်
ဂါဇာကို အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် ဂျာနယ်လစ် အစ္စမေးလ်အယ်လ်ဂိုးလ် (အယ်လ်ဂျာဇီးယား)၏စျာပနကို လိုက်လံပိုဆောင်သူများအား ဇူလိုင် ၃၁ ရက်တွင် တွေ့ရစဉ်
Published 26 August 2024

ဥရောပသမဂ္ဂ(အီးယူ)သည် အစ္စရေးနှင့်  ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ရပ်ဆိုင်းထားရန်နှင့် ပိတ်ဆို့မှုများချမှတ်ရန် သြဂုတ် ၂၆ ရက်တွင် မီဒီယာနှင့်လူ့အခွင့်အရေးအဖွဲ့ ၆၀ ခန့်က တိုက်တွန်းလိုက်ပြီး အစ္စရေးသည် ဂါဇာတွင် ဂျာနယ်လစ်များကို အစုလိုက်အပြုံလိုက်သတ်နေသည်ဟု ၎င်းတို့က စွပ်စွဲခဲ့သည်။

“ဟားမာ့စ်နဲ့စစ်ပွဲစတင်ကတည်းက အစ္စရေးအာဏာပိုင်တွေကြောင့် သေဆုံးခဲ့တဲ့ ဂျာနယ်လစ်အရေအတွက်နဲ့ သတင်းလွတ်လပ်ခွင့်ကို ထပ်တလဲလဲ ချိုးဖောက်တာတို့ကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပသမဂ္ဂဟာအဖွဲ့ အစည်းအနေနဲ့ အစ္စရေးနဲ့သဘောတူစာချုပ်ကို ရပ်ဆိုင်းဖို့၊ အဲဒီလိုလုပ်ဆောင်ရာမှာ တာဝန်ရှိတဲ့သူတွေကို ပစ်မှတ်ထား ပိတ်ဆို့တာတွေလုပ်ဖို့ နယ်စည်းမခြားသတင်းထောက် များ (RSF) ၊ဂျာနယ်လစ်များကိုကာကွယ် ရေးကော်မတီ(CPJ)နှင့် လူ့အခွင့်အရေးအဖွဲ့(HRW)တို့အပါဝင် အခြားအဖွဲ့အစည်း ၅၇ ခုတို့က တောင်းဆိုပါတယ်”ဟု ပူးတွဲထုတ်ပြန်ချက်တွင် အဆိုပါအဖွဲ့အစည်းများက ဖော်ပြခဲ့သည်။

သြဂုတ် ၂၉ ရက်တွင် ဘရပ်ဆဲလ်၌ ပြုလုပ်မည့် အီးယူနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ အထက်ပါတောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို ဟားမာ့စ်၏တိုက်ခိုက်မှုနှင့် ဂါဇာကို အစ္စရေး၏လက်တုံ့ပြန် တိုက်ခိုက်မှုတို့ ဖြစ်ပွားသော ကာလတွင် ဆယ်စုနှစ်များစွာအတွင်း ဂျာနယ်လစ်သေဆုံးမှု အများဆုံးဖြစ် ခဲ့သည်ဟု ဖော်ပြထားသည်။

ׅ“အောက်တိုဘာ ၇ ရက်ကတည်းက အစ္စရေးတပ်ဖွဲ့ကြောင့် ပါလက်စတိုင်း ဂျာနယ်လစ်တွေနဲ့ မီဒီယာပရော်ဖက်ရှင်နယ် ၁၃၀ ကျော်သေဆုံးခဲ့ပါတယ်။ သူတို့ထဲက အနည်းဆုံး ၃၀ ဟာသူတို့ရဲ့အလုပ်ခွင်မှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ လက်ဘနွန်ဂျာနယ်လစ်သုံးဦး၊ အစ္စရေးဂျာနယ်လစ် တစ်ဦးတို့လည်း သေဆုံးခဲ့ပါတယ် ”ဟု ဖော်ပြထားသည်။

“တမင်တကာ ကျူးလွန်တာဖြစ်ဖြစ် မဆင်မခြင် ကျူးလွန်မိတာဖြစ်ဖြစ် ဂျာနယ်လစ်တွေ ပစ်မှတ်ထားပြီး အသတ်ခံရတာ ဒါမှမဟုတ် အရမ်းကာရော အသတ်ခံရတာတို့ဟာ စစ်ရာဇဝတ်မှုဖြစ်ပါတယ်”ဟု ပူးတွဲ ထုတ်ပြန်ချက်တွင် အဆိုပါအဖွဲ့အစည်းများက ဆက်လက်ဖော်ပြထားသည်။

အဖွဲ့ဝင်မဟုတ်သော နိုင်ငံများနှင့် အီးယူ၏အဖွဲ့အစည်း သဘောတူညီချက်များသည် ကုန်သွယ်ရေးအပါအဝင် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးများကို ထိန်းချုပ်ထားသော သဘောတူစာချုပ်များဖြစ်သည်။

သဘောတူညီချက်၏ ဥပဒေအပိုဒ်ခွဲ အမှတ်နှစ်သည် လူ့အခွင့်အရေးများနှင့် ဒီမိုကရေစီဆိုင်ရာ စည်းကမ်းများကို လေးစားမှုတို့အား ပြဋ္ဌာန်းထားသည်ဟု RSF ၏ဘရပ်ဆဲလ်ရုံး အကြီးအကဲ ဂျူလီမာဂျာဆက်က ပြောကြားခဲ့သည်။

“အစ္စရေးအစိုးရဟာ အဲဒီဥပဒေ အပိုဒ်ခွဲကို နင်းခြေနေတယ်ဆိုတာ ထင်ရှားပါတယ်။  အစ္စရေးရဲ့ ထိပ်တန်းကုန်သွယ်ဘက်ဖြစ်တဲ့ အီးယူဟာ အဲဒါကနေလိုအပ်တဲ့ ကောက်ချက်တွေဆွဲရပါမယ်။ အစ္စရေး အစိုးရက ဂျာနယ်လစ်တွေကို သတ်နေတာရပ်သွားစေဖို့နဲ့ ဂါဇာကိုသတင်းမီဒီယာတွေ ဝင်လို့ရအောင် ဖွင့်ပေးခြင်းဖြင့် သတင်းရယူခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကို လေးစားစေဖို့အရာရာ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

Ref:AFP               

 

Most Read

Most Recent