လီဗာပူးလ်အသင်း၏အခြေအနေကို စောင့်ကြည့်ပြီးမှသာ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆာလာ ဆန္ဒရှိနေ

လီဗာပူးလ်အသင်း၏အခြေအနေကို စောင့်ကြည့်ပြီးမှသာ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆာလာ ဆန္ဒရှိနေ
Photo: Mohamed Salah X
Photo: Mohamed Salah X
Published 22 August 2024

လီဗာပူးလ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာသည် နည်းပြသစ် ဆလော့လက်ထက် အသင်း၏အခြေအနေကို စောင့်ကြည့်ပြီးမှသာ စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိနေကြောင်း The Athletic က ဖော်ပြခဲ့သည်။

အသက် (၃၂)နှစ်အရွယ် အီဂျစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဆာလာသည် ၂၀၂၂ ခုနှစ်က လီဗာပူးလ်အသင်းနှင့်နောက်ဆုံးအကြိမ် စာချုပ်သက်တမ်းတိုးခဲ့ပြီး ၎င်း၏လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ဆာလာသည် လက်ရှိတွင် လီဗာပူးလ်အသင်း၌ တစ်ပတ်လစာ ပေါင် (၃၅၀၀၀၀) ရရှိနေပြီး စပွန်ဆာဝင်ငွေများနှင့်ဆိုပါက ၎င်း၏တစ်ပတ်ဝင်ငွေ ပေါင် (၁) သန်းကျော်ကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းသည် ဆာလာအား စာချုပ်သစ်ချုပ်ဆိုရန် အေးဂျင့်ဖြစ်သူနှင့် ဆွေးနွေးနေသော်လည်း ဆာလာသည် ဆလော့လက်ထက် အသင်း၏အခြေအနေကိုစောင့် ကြည့်ပြီးမှသာ အသင်းနှင့်စာချုပ်သက်တမ်းတိုးသင့်၊ မတိုးသင့်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆော်ဒီကလပ်များကလည်း ဆာလာကို လစာငွေမြောက်မြားစွာပေး ချေကာ ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရှိရသည်။ 

Most Read

Most Recent