■ အိုင်ဗန်တိုနီ၏ အပြောင်းအရွှေ့ နီးစပ်မှုမရှိသေးကြောင်း ဘရန့်ဖို့ဒ်နည်းပြ အတည်ပြု

■ အိုင်ဗန်တိုနီ၏ အပြောင်းအရွှေ့ နီးစပ်မှုမရှိသေးကြောင်း ဘရန့်ဖို့ဒ်နည်းပြ အတည်ပြု
Photo: Facebook
Photo: Facebook
Published 20 August 2024

ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က တိုက်စစ်မှူး အိုင်ဗန်တိုနီ၏အပြောင်းအရွှေ့မှာ နီးစပ်မှုမရှိသေးကြောင်း အတည်ပြုပြောကြားသည်။

တိုနီ(၂၈ နှစ်)ကို အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေသလို ဆော်ဒီကလပ် အယ်လ်အာလီအသင်း၏ ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းမှုကို ဘရန့်ဖို့ဒ်အသင်းက ပယ်ချထားသည်။

ပဲလေ့စ်အသင်းနှင့် ရာသီအဖွင့်ပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဖရန့်ခ်က ယင်းပွဲ၌ တိုနီပါဝင်နိုင်မည်ဟု ပြောကြားထားသော်လည်း လူစာရင်းမှာပင် ထည့်သွင်းခြင်းမရှိဘဲ ချန်လှပ်ထားခဲ့သည်။

''အဲဒီကိစ္စ (အပြောင်းအရွှေ့) က မနီးစပ်သေးပါဘူး။ အိုင်ဗန်နဲ့ပတ်သက်တာတွေက အများကြီးပါပဲ။ အထူးသဖြင့် အပြောင်းအရွှေ့ကိစ္စတွေပါ။ အဲဒါကြောင့် သူ့ကို လူစာရင်းမှာ မထည့်တာပါ''ဟု ဖရန့်က ပြောကြားသည်။

Most Read

Most Recent